သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထား ရာ အကျိုးပြုဝန်းကျင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့ အတွက် နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေးမှအစ လိုအပ်ချက် ကိစ္စအဝဝကို ဖြည့်စွမ်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ သည် သယံဇာတပေါများကြွယ်ဝသကဲ့သို့ ရာသီဥတုမျှတသဖြင့် နေချင်စဖွယ်ကောင်းသော နိုင်ငံဖြစ်သည်။
ယခုအခါ သစ်တောသစ်ပင် လျော့နည်းလာပြီး သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုနှင့် ကြုံတွေ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ ယခုအခါ သဘာဝသစ်တော များသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြုန်းတီးလာကြောင်း သိရပေ သည်။ နိုင်ငံ၏လူဦးရေ၊ မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်း များ တစ်နေ့တခြား တိုးပွားလျက်ရှိပေသည်။
သဘာဝသစ်တောများ ကာကွယ်ထိန်းသိမ်းရန် ခက်ခဲလာ သည်။ အဘယ်ကြောင့်ဆိုသော် ကျေးရွာအများစုက နေ့စဉ်သုံး လောင်စာအတွက် ထင်းနှင့် မီးသွေးကို သစ်တောများမှထုတ်ယူ ခြင်းကြောင့် ဖြစ်သည်။ သစ်တောများပြုန်းတီးမှု ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းမှာ သစ်၊ ဝါး အလွန်အကျွံခုတ်ယူခြင်း၊ သတ္တုနှင့် တွင်းထွက်များ တူးဖော်ခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင် ခြင်း၊ အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် လောင်စာ အတွက် ထင်းနှင့် မီးသွေးထုတ်ယူခြင်းသည်လည်း အဓိကပါဝင် သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ထင်းအစားထိုး လောင်စာ သုံးစွဲခြင်းနှင့် စွမ်းအားမြင့်မီးဖိုများ သုံးစွဲခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်သည်။
သဘာဝဂေဟ ပျက်စီးမှုများပြားလာရာ တောရိုင်းတိရစ္ဆာန် တို့ကျက်စားရာ စားကျက်မြေများ ကျဉ်းမြောင်းလာမှုကြောင့် မြေပြန့်ဒေသများသို့ ဝင်ရောက်လာနိုင်ပေသည်။ ထို့ကြောင့် သစ်တောသစ်ပင်များ ခုတ်လှဲခြင်း ဖျက်ဆီးခြင်းများလုံးဝမပြုလုပ် ရန် လိုအပ်နေပေရာ သစ်တောများသည် လူသားတို့အား အကျိုးပြု သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုပေ ရာ ထိန်းသိမ်းကာကွယ်ရန်လိုအပ်သည်။
အင်းလေးကန်ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေဝေရေလဲဧရိယာ များ ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေး အတွက် အင်းလေးကန်အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်း တောင်တန်းများပေါ်သို့ ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တပ်မတော်ရဟတ်ယာဉ် များဖြင့် သစ်စေ့မြေအလုံး ၂၀၀၀၀၀ ကို မျိုးစေ့ကြဲချ စိုက်ပျိုးခြင်း များ ဆောင်ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုပေရာ ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်စေချင်ကြောင်း။ ။