ဂျီနီဗာ၊ ဇူလိုင် ၁၄
ကမ္ဘာတလွှား ကူးစက်မြန်ဗီဇ ပြောင်း ပိုးသစ် Delta ကြောင့် Covid အကူးစက်ခံရသူမှာ သီတင်း ၄ ပတ် ဆက်တိုက် တိုးလာနေပြီး ယခုအခါ အနည်းဆုံး နိုင်ငံပေါင်း ၁၀၄ နိုင်ငံကို ပြန့်နှံ့နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထပ် ဆင့်အသိပေးချက် ထုတ်ပြန်လိုက် သည်။
Covid-19 ကူးစက်မှုသည် ပြီးခဲ့သည့် ရက်သတ္တပတ်အထိ ၄ ပတ်ဆက်တိုက် တိုးလာပြီး သီတင်း ၁၀ ပတ်ကြာ ရောဂါ ကူးစက်မှုကျဆင်းနေရာမှ WHO ၏ သတ်မှတ်ဇုန် ၆ ခုအတွင်း ၁ နေရာ မှလွဲပြီး ကျန်နေရာအားလုံးတွင် တိုးလာ သကဲ့သို့ သေဆုံးမှုလည်း ပြန်တက်လာ ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျီနီဗာ ရုံးချုပ် သတင်းစာရှင်းလင်းပွဲတွင်ပြော သည်။
ကမ္ဘာတလွှားဒေသအားလုံးရှိ ဆေးရုံ များတွင်လည်း လူနာများပြည့်နေပြီဆို သည့် သတင်းများရကြောင်း၊ Delta ပိုးသစ်သည် ကမ္ဘာတလွှား အဓိက လျင်လျင်မြန်မြန် ကူးစက်ပြန့်နှံ့လာ နေကြောင်း၊ အဆိုပါပိုးသစ်မှာ ကာကွယ် ဆေး အများအပြားထိုးထားသည့်ဒေသ များအထိပါ ပြန့်နှံ့နေခြင်းဖြစ်ပြီး အ ထူးသဖြင့် အဆိုပါရောဂါပိုးအတွက် အကာကွယ်မလုပ်သူများ၊ ကျန်းမာရေး အားနည်းသူများကို ကူးစက်နေခြင်း ကြောင့် ကျန်းမာရေးစနစ်ကိုပါ ထိခိုက် စေကြောင်းနှင့် ကာကွယ်ဆေးထိထိ ရောက်ရောက် မထိုးနိုင်ဖြစ်နေသည့် နိုင်ငံများ၏ အခြေနေမှာ အလွန်အမင်း ဆိုးဝါးနေကြောင်း ထပ်ဆင့် သတိပေး ချက် ထုတ်ပြန်ထားသည်။
လူထု၏ အသက်အန္တရာယ် ခြိမ်း ခြောက်မှုအပြင် ကမ္ဘာ့စီးပွားရေးကို ပါ ထိခိုက်စေကြောင်းလည်း WHO အကြီးအကဲက သတိပေးထားသည်။
မျိုးဝင်း (ref; Reuters)