တူးနစ်၊ ဇူလိုင် ၁၄
တူနီးရှားနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ကို ဈေးကွက်တင်သွင်းရန် တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း တူနီးရှား ကျန်းမာ ရေးဝန်ကြီးဌာနက ဇူလိုင်လ ဒုတိယပတ် အစတွင် ကြေညာခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် တူ နီးရှားနိုင်ငံ ဈေးကွက်တွင် တရုတ်နိုင်ငံ ၏ Sinopharm COVID-19 ကာကွယ် ဆေးကို ချွင်းချက်နှင့် ယာယီဈေးကွက် တင်သွင်းခြင်းကို ခွင့်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ဈေးကွက်တင်သွင်းခွင့်အတွက် ရောဂါဗေဒ၊ ဆေးဝါးဗေဒ နယ်ပယ်ရှိ အထူးပြုကော်မတီနှင့် ဆေးဝါးအထူးပြု ဆိုင်ရာ နည်းပညာကော်မတီတို့မှ ယင်း ကိစ္စရပ်အပေါ် အကဲဖြတ်ပြီးနောက် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
တူနီးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါတိုက်ဖျက်ရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံ ရေးလှုပ်ရှားမှုကို မတ် ၁၃ ရက်တွင် စတင် ခဲ့ချိန်မှစ၍ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ ထားသူ ၆၃၁,၀၈၃ ဦးနှင့်အတူ ကာ ကွယ်ဆေးထိုးနှံထားသူပေါင်း ၂,၁၅၆, ၂၄၀ ဦး ရှိကြောင်း ဝန်ကြီးဌာနက ထုတ် ပြန်ထားသည့် နောက်ဆုံးကိန်းဂဏန်း များအရ သိရသည်။
မျိုးဝင်း (ref; Xinhua)