နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် မိုးကြိုးပစ်မှုများကြောင့် ၂၄ နာရီအတွင်း လူပေါင်း ၃၈ ဦး သေဆုံး

နယူးဒေလီ၊  ဇူလိုင် ၁၄


အိန္ဒိယနိုင်ငံ ပြည်နယ် ၂ ခုတွင် လွန်ခဲ့သည့်ရက်ပိုင်းက မိုးကြိုးပစ်ခြင်း ကြောင့် ၂၄ နာရီအတွင်း အနည်းဆုံး လူ ၃၈ ဦး  သေဆုံးခဲ့ကြောင်း သိရသည်။


အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရာဂျစတန် ပြည်နယ်တွင် ၁၂ ရာစု အမ်ဘာခံတပ်ရှိ မျှော်စင်အနီး မိုးကြိုးပစ်ချရာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများသည် မျှော်စင်ကို လာရောက်လည်ပတ်ရင်း  လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်နေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း အကြီး တန်း ရဲအရာရှိတစ်ဦးက ပြောသည်။


ယင်းဖြစ်စဉ်နှင့် တပြိုင်တည်းမှာပင် မုတ်သုန်ရာသီ မိုးရွာခြင်းနှင့် လေပြင်း မုန်တိုင်းတိုက်ခတ်ချိန် မိုးကြိုးပစ်သဖြင့် တခြားသော ပြည်နယ်တစ်ခုတွင်လည်း အနည်းဆုံး လူ ၉  ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 


အလားတူ ဥတ္တာပရဒေ့ရ် ပြည်နယ် တွင်လည်း မိုးကြိုးပစ်၍ ၁၈ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။  သေဆုံးခဲ့သူ အများစုမှာ လယ်ထဲတွင် အလုပ်လုပ် နေကြသူများ ဖြစ်ကြောင်း သိရသည်။ 


အိန္ဒိယမိုးလေဝသဌာနကမူ နောက် ၂ ရက်အတွင်း မိုးကြိုး ထပ်ပစ်နိုင်ချေ ရှိကြောင်း သတိပေးချက် ထုတ်ပြန်ထား သည်။

ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ