အမ်မန်၊ ဇူလိုင် ၁၄
ဂျော်ဒန်နိုင်ငံ တော်ဝင်တရားရုံး တရားသူကြီးချုပ်ဟောင်း၊ ယခင် ဘဏ္ဍာ ရေးဝန်ကြီးBassem Awadallah သည် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု၊ နိုင်ငံအုပ်ချုပ်ရေးအာဏာ အပြောင်း အလဲလုပ်ရန် လှုံ့ဆော်မှုတို့ဖြင့် ထောင် (၁၅) နှစ် ချမှတ်လိုက်ကြောင်း သိရ သည်။
ဝန်ကြီးဟောင်း အပါအဝင် ယင်း၏ တော်ဝင်မိသားစုဝင်ဖြစ်သူ တစ်ဦး လည်း ပါဝင်ခဲ့ပြီး ယင်းကိုလည်း အလား တူ ထောင်ဒဏ်သတ်မှတ်ခဲ့ခြင်း ဖြစ် သည်။
စစ်ဆေးချက်များအရ ယင်းတို့နှစ်ဦး တွင် နိုင်ငံအုပ်ချုပ်ရေးအာဏာအပြောင်း အလဲလုပ်ရန် ပူးပေါင်းကြံစည်မှုရှိပြီး ပြည်တွင်းရေးရှုပ်ထွေးစေရန်နှင့် ပဋိ ပက္ခဖြစ်စေမှု လှုံ့ဆော်ရန် ကြိုးပမ်းမှု ရှိကြောင်း တရားရုံး၏ ယင်းနေ့စီရင် ချက်တွင် ဖော်ပြထားကြောင်း ဂျော်ဒန် Petra သတင်းအေဂျင်စီ၏ သတင်းများ အရ သိရသည်။
ဂျော်ဒန်ဘုရင် Abdullah II ကို ဆန့် ကျင်ရန် ယင်းတို့က လှုံ့ဆော်ခဲ့ကြပြီး ပြည်ပအင်အားစုများနှင့် ချိတ်ဆက် ပုန်ကန်ရန် အစီအစဉ်ရေးဆွဲခဲ့ကြရာ နိုင်ငံတည်ငြိမ်ရေးနှင့် အမျိုးသားလုံခြုံ ရေးကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့သည်။
ထို့ပြင် Sharif Hassan Ben Zeid ကို မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနှင့် မူးယစ်ဆေးသုံးစွဲမှုတို့ဖြင့် တရားရုံးက နောက်ထပ် ထောင်ဒဏ် (၁) နှစ် ချမှတ် ခဲ့ကြောင်း သိရသည်။
ရဲခေါင် (ref; Reuters)