ဝါရှင်တန်၊ ဇူလိုင် ၁၄
တောင်တရုတ်ပင်လယ်တွင် ဖိလစ် ပိုင်တပ်များကို တိုက်ခိုက်ပါက ၁၉၅၁ ခုနှစ် အမေရိကန်-ဖိလစ်ပိုင် အပြန် အလှန်ကာကွယ်ရေး သဘောတူစာချုပ် အတိုင်းလုပ်မည်ဖြစ်ကြောင်း အမေရိ ကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို ထပ်မံသတိပေးလိုက်သည်။
တောင်တရုတ်ပင်လယ်မှ တရုတ် ၏ နယ်မြေတောင်းဆိုမှုကို ခုံသမာဓိရုံး က ပယ်ချကြောင်း ဆုံးဖြတ်ချက်ချသည့် ၅ နှစ်မြောက် နှစ်ပတ်လည်အတွက် ထုတ်ပြန်သော ကြေညာချက်တွင် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အထက်ပါအတိုင်း သတိပေးလိုက်ခြင်း ဖြစ်သည်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့နှင့် တောင် တရုတ်ပင်လယ်တွင် ပိုင်နက် အငြင်းပွား နေသည့် တရုတ်နိုင်ငံကလည်း ထိုခုံရုံး ဆုံးဖြတ်ချက်ကို လက်ခံမည်မဟုတ် ကြောင်း ထပ်မံပြောကြားသည်။
တောင်တရုတ်ပင်လယ်တွင် ဖိလစ် ပိုင်တပ်ဖွဲ့များ၊ အများပြည်သူရေယာဉ် များနှင့် လေယာဉ်များကို လက်နက် ဖြင့် တိုက်ခိုက်မှုတစ်ခုသည် ၁၉၅၁ ခုနှစ် အမေရိကန်-ဖိလစ်ပိုင် အပြန်အ လှန် ကာကွယ်ရေးသဘောတူစာချုပ် အပိုဒ်အရ ပေးအပ်ထားသော ကတိက ဝတ်များကို အကောင်အထည်ဖေါ်ရန် လုပ်ဆောင်စေမည် ဖြစ်ကြောင်း ဘလင် ကန်က ရေးသားခဲ့သည်။
မျိုးဝင်း( Ref : Reuters)