နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လားရှိုးမြို့နယ်နှင့် မြိတ်မြို့နယ်စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ရန်ကုန်၊  ဇူလိုင် ၁၃


ဇူလိုင် ၁၂ ရက်၊ နံနက် ၁၀ နာရီခွဲ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ ပိုင်း) မြို့နယ် အမှတ်(၈)ရပ်ကွက် ရာဇာဓိရာဇ်လမ်းနေ လင်းအောင်(ခ) တရုတ်ကြီး၏ နေအိမ်ကို ဝင်ရောက်ရှာ ဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၁၈၄၇၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့  မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လားရှိုးမြို့နယ် လားရှိုးတန့် ယန်းသွား ကားလမ်း ခါးသျှ ကျေးရွာ အနီးတွင် အိုက်ယုံ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ ကို လည်းကောင်း၊ ဇူလိုင် ၁၁ ရက်၊ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  မြိတ် မြို့နယ်စန္ဒဝတ်ကျေးရွာအုပ်စု ရွှေပေး ကျေးရွာအနီးတွင် မမီးငယ်စု(ခ)မီးစု မောင်းနှင်ပြီး မရှင်ဝေ (ခ) ရှင်ကြီးနှင့် မမိသန်းကြူတို့ လိုက်ပါသည့် ဆိုင်ကယ် ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀၀၀၀ ကို လည်း ကောင်း၊ ည ၈ နာရီတွင် မြိတ်မြို့၊ မြိတ် တောင်ရပ်ကွက် အောင်ချမ်းသာလမ်းရှိ မချိုမော်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေ ရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့ သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ