နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချမ်းအေးသာစံမြို့နယ် မြို့နယ်လျှပ်စစ်ရုံးကို လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူနှစ်ဦး ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့်ဖမ်းဆီးရမိ

မန္တလေး၊  ဇူလိုင် ၁၃


ဇူလိုင် ၁၂ ရက်၊ နံနက် ၁၁ နာရီ ခန့်တွင်  မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက် ရပ်ကွက်၊ ၅၇ လမ်းနှင့် ၃၄ လမ်းကြားရှိ မြို့နယ်လျှပ်စစ်ရုံးကို ဆိုင်ကယ်စီးနင်း လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ ရာ အဆိုပါဗုံးမှာ ရုံးရှေ့သို့ ကျရောက် ခဲ့ပြီး ပေါက်ကွဲခြင်းမရှိဘဲ အကြမ်းဖက် သူ အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ၅၇ လမ်း အတိုင်း မောင်းနှင်ထွက်ပြေး သွားခဲ့ရာ ၅၇ လမ်းနှင့် ၃၅ လမ်းအရောက် ၌ အသင့်တာဝန်ထမ်းဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့နှင့် အနီး ပတ်ဝန်းကျင်ရှိ အကြမ်းဖက်မှုကို မလို လားသည့် တာဝန်သိပြည်သူလူထုများ က ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ လက်လုပ် ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ အမျိုးသား ၂ ဦး အနက်  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂၀)ရပ်ကွက်၊  ရွှေဟင်္သာလမ်းနေ နေလင်းအောင်  (၄၀)နှစ်  (ဘ)ဦးဝင်းအောင်ကို ယင်းစီးနင်းလာသည့် ဆိုင်ကယ်နှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်တူးဘောက်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၃ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ယင်းနှင့်အတူ ပါဝင်သူ လွင်မိုးဆိုသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။


ဆက်လက်၍  လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ တရားခံ လွင်မိုးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးစဉ် တာဝန်သိ ပြည်သူများ၏ သတင်းပေးမှုအရ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကန်ကောက်ရပ်ကွက်၊ ကန်ကောက်ကွက်သစ်လမ်း၌ တရားခံ လွင်မိုး(၂၅)နှစ် (ဘ)ဦးသန်းလွင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ