နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကုန်းမြို့ ဒရိုင်ဘာကို စပါယ်ယာများက သံတုတ်ဖြင့်ရိုက်သတ်မှုဖြစ်ပွား

ကျောင်းကုန်း၊  ဇူလိုင် ၁၄
     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် ကျောင်းကုန်းတိုးလ်ဂိတ်အနီးတွင် ဇူလိုင် ၁၂ ရက်၊ ည ၉ နာရီအချိန်ခန့်က ဒရိုင်ဘာကို စပါယ်ယာများက သံတုတ်ဖြင့် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တရားလို အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး သည် ရာအိမ်မှူးများနှင့်လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင် များနှင့်အတူ မြို့ထိပ်ဗိုလ်ချုပ်ပန်းခြံအနီး လုံခြုံရေးဆောင်ရွက် နေစဉ် တစ်ဖာလုံခန့်အကွာတိုးလ်ဂိတ်အနီး၌ ရပ်ထားသော ဝန်သယ် ကရိမ်းကားဘေး၌ စကားများရန်ဖြစ်နေသံကြားရသဖြင့် သွားရောက် ကြည့်ရှုရာ ရမည်းသင်းမြို့နေ ဦးစိုးပိုင်(၄၀)နှစ်ကို အိမ်မဲမြို့နယ် တောကြာရိုးကျေးရွာအုပ်စုနေ ဖြိုးဇော်(ခ)ချက်ကြီး (၂၃)နှစ်နှင့် ဝင်းဌေး (၄၃)နှစ်တို့ နှစ်ဦးက မော်တော်ယာဉ်ဘီးမူလီများချွတ်ရာတွင်အသုံးပြုသော သံပိုက်လုံးဖြင့် ဖြိုးဇော်မှ(၂)ချက်၊ ၎င်းပိုက်လုံးဖြင့် ဝင်းဌေးမှ(၁)ချက်ရိုက်ခဲ့ရာ ဦးစိုးပိုင်မှာ မြေပြင်ပေါ်လဲကျသွားပြီးဦးခေါင်းနောက်စေ့(၂)လက်မခန့်ကွဲသည့်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်းတွေ့ရသဖြင့် တရားခံများကို ဝိုင်းဝန်းဖမ်းဆီးကာ ရဲစခန်းသို့ပို့ဆောင်ပေးခဲ့သည်။
သေဆုံးသူ ဦးစိုးပိုင်မှာ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ဇာတိမြို့မဟုတ်သောမြို့၌သေဆုံးခဲ့သဖြင့်သံပိုက်လုံးဖြင့် ရိုက်နှက်သူနှစ်ဦးကို အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်တိုင်တန်းမှု ဖြစ်သဖြင့်ကျောင်းကုန်းမြို့ မရဲစခန်းက(ပ)၁၀၁/၂၀၂၁ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊အမှုကြီးအမှတ်စဉ်(၈/၂၀၂၁)ဖြင့်  အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကသိရသည်။
ဝင်းကြိုင်(ကျောင်းကုန်း)






အခြားဆက်စပ်သတင်းများ