နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်ကြီးမြို့နယ်တွင် ကြက်တိုက်လောင်းကစားသူများအား ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းမှစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် မတ် ၃၀ ရက်၊ ညနေ ၃ နာရီခွဲက ပုသိမ်ကြီးမြို့နယ်၊ ဇီးချိုကုန်းကျေးရွာနှင့် မဲကင်းကုန်းကျေးရွာကြားရှိ သရက်တောတွင် ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်စုံစမ်းဖမ်းဆီးရာ သရက်ပင်အောက်တွင် ကြက်တိုက်လောင်းကစားပြုလုပ်နေကြသည့် မဲကင်းကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် နေသူများဖြစ်သည့် ဝင်းလှိုင် (၅၀)နှစ်၊ အောင်ချိုမြင့် (၅၇)နှစ်၊ ဗိုလ်ဗိုလ်ချို (၂၃)နှစ်၊ ဖိုးချွန် (၆၇)နှစ်နှင့် ဇီးချိုကုန်းကျေးရွာနေ ထွန်းထွန်းနိုင် (၂၇)နှစ်တို့ ၅ ဦးအား တိုက်ကြက်ဖ ၂ ကောင်၊ လောင်းကြေးငွေ ၃၁၄၅၀ဝ ကျပ်၊ ကြက်တိုက်လောင်းကစားရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ် ၇ စီး၊ လက်ကိုင်ဖုန်း ၄ လုံးတို့တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း(ပ)၁၈၆/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၆(က)၊ ၁၇(က)အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ