နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်နက်၊ ပစ္စည်း၊ ကိရိယာများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေး၊ ဇူလိုင် ၁၄
     ဇူလိုင် ၁၂ ရက်၊  မွန်းလွဲ ၄ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၇ လမ်းနှင့် ၃၄ လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးကို လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးရမိသူ တရားခံ နေလင်းအောင်(ခ)အားကွေ့နှင့် လွင်မိုး(ခ)လင်းလုတို့၏     ထွက်ဆိုချက်အရ     ယင်းတို့နှင့်အတူ      မေလအတွင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သူ  စိုးကြီးနှင့် ထွဋ်ကြီးတို့မှ ပေးအပ်ထားသည့် လက်လုပ်ဗုံးများကို နေလင်းအောင် (ခ)အားကွေ့နေထိုင်သည့် အမရပူရမြို့နယ်၊ မင်းစုရပ်ကွက်၊ သစ်စက် ဝင်းရှိ နေအိမ်၌ သိမ်းဆည်းထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်၏ မြောက်ဘက်ရှိ အမှိုက်ကျင်းအတွင်း သိုဝှက်ထားသည့် PVC ပိုက်၊ သံပိုက်တို့ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးမျိုးစုံ ၁၃ လုံး၊ လက်ဆွဲအိတ် ၂ လုံးတို့ ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။             ဆွေဦး






အခြားဆက်စပ်သတင်းများ