နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်၊  ဇူလိုင် ၁၄
 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၂ ရက်၊ ညပိုင်းတွင် တမူးမြို့ မြို့မရပ်ကွက် နန်းဖာလုံ-တမူးသွားကားလမ်းတွင် အောင်နေဝင်း မောင်းနှင်ပြီး ကျော်သိန်းထွေး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၇၀ ကို လည်းကောင်း၊ ဇူလိုင် ၁၀ ရက် ည ၈ နာရီခွဲတွင် မြိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ် ကွမ်းသီးချောင်းကျေးရွာ အနီးတွင် ထွန်းထွန်းဦး (ခ)မောင်ဝိုင်း မောင်းနှင်လာသည့် ဆိုင်ကယ် နှင့် ထွန်းထွန်းဝင်း(ခ)တိုးတိုးဇော် မောင်းနှင်လာသည့်ဆိုင်ကယ် တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို လည်းကောင်း၊ ဇူလိုင် ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲတွင် မြိတ်မြို့နယ်၊ သမုတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြိတ်မြို့နယ်၊ သမုတ်ကျေးရွာတံတားအနီး သမုတ်ကျေးရွာ လွတ်လွတ်ကျေးရွာသွားလမ်းတွင် မင်းမင်းစိုး(ခ)အာနိုး မောင်းနှင် ပြီး တင်ဦး (ခ) ကုလားစိန် လိုက်ပါလာသည့် ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား  ၁၀၀၀၀ ကို လည်း ကောင်း၊ ဇူလိုင် ၁၁ ရက်၊ ညပိုင်းတွင် ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ် နမ့်မာတက်ကျေးရွာအနီး ကလော-ဝက်ဖြူရေကျေးရွာ သွားကားလမ်း တွင် နေသူဆန်း(ခ)ငြိမ်းချမ်း မောင်းနှင်ပြီး ချမ်းမြေ့သိန်း လိုက်ပါ လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၆၀၀ ကိုလည်းကောင်း၊ ဇူလိုင် ၁၂ရက်၊ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ် ဝမ်ငုတ် ကျေးရွာအနီးတွင် လော်ဂေါကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေး ရှာဖွေရာ ယင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၊ ဆက်လက်၍ အိုက်ဆမ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ယင်းတို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။                                      ဆွေဦး






အခြားဆက်စပ်သတင်းများ