ဘေကျင်း၊ ဇူလိုင် ၁၃
တရုတ်လုပ်ငန်းအဖွဲ့အစည်း ၂၃ ခုကို အမေရိကန်က ကုန်သွယ်ရေး အမည်ပျက်စာရင်းတွင် ထပ်မံထည့်သွင်း ပြီးနောက် တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည်များကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြော ကြားလိုက်သည်။
အမေရိကန်နိုင်ငံ၏ ဆောင်ရွက် ချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင် ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး ထိုလုပ်ရပ်သည် ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့သည့် ဖိနှိပ်မှုဖြစ်ကာ နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး စည်းမျဉ်း များကို အပြင်းအထန်ချိုးဖောက်လိုက် ခြင်းဖြစ်ကြောင်း ပြောသည်။
အမေရိကန် ကုန်သွယ်ရေးဌာန သည် တရုတ်လုပ်ငန်း ၁၄ ခုနှင့် အခြား အဖွဲ့အစည်းများ တရုတ်နိုင်ငံအနောက် မြောက်ပိုင်း ရှင်ကျန်းပြည်နယ် ဝီဂါများ ကို လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အမည်ပျက် စာရင်းသွင်းကြောင်း ပြီးခဲ့ သည့် ရက်သတ္တပတ်က ကြေညာလိုက်ပြီ ဖြစ် သည်။
အမေရိကန်ပြည်ထောင်စုသည် အီရန်၊ ရုရှားလုပ်ငန်းအချို့နှင့် စစ်ဖက် နှင့်ဆက်စပ်သည်ဆိုသော တရုတ်အဖွဲ့ အစည်း ၅ ခု အပါအဝင် စုစုပေါင်း လုပ်ငန်းနှင့် အဖွဲ့အစည်း ၃၄ ခုကို အရေး ယူကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရ သည်။
တရုတ်နိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့်စစ်ဖက်အဆက်အစပ်များကို အကြိမ်ကြိမ်ပယ်ချထားသည်။
ရဲခေါင် (ref; CNN)