လန်ဒန်၊ ဇူလိုင် ၁၃
Richard Branson အမည်ရှိ အင်္ဂလိပ်လူမျိုး ဘီလျံနာသူဌေးတစ်ဦး သည် ယင်း၏ ကိုယ်ပိုင်အာကာသယာဉ် နှင့် စမ်းသပ်ပျံသန်းစဉ် အာကာသထဲသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများ၏ ရေးသားချက်အရ သိရ သည်။
ယင်း ဖြစ်ရပ်မှာ Richard ၏ဘဝ တစ်လျှောက်လုံးလုပ်ခဲ့သမျှ စွန့်စားမှု အမျိုးမျိုးအနက် အကြီးကျယ်ဆုံးစွန့်စား မှုလည်း ဖြစ်ပြီး အသက် ၇၁ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး၏ စွမ်းဆောင်မှုမှာ အာကာသထဲခြေချရန် ကြံစည်နေသည့် ပြိုင်ဘက်များအားလုံးကို ကျော်လွှား သွားခဲ့ခြင်းလည်း ဖြစ်သည်။
Richard သည် အာကာသယာဉ် အမှုထမ်း ၅ ဦးနှင့်အတူ ၎င်းပိုင်သည့် Virgin Galactic အာကာသ ခရီးသွား လုပ်ငန်း ကုမ္ပဏီပိုင်ယာဉ်နှင့် နယူး မက္ကဆီကို သဲကန္တာရအထက် မြေပြင်မှ ၅၃ မိုင်အထိ ပျံတက်သွားခဲ့ကာ အာကာသ ယာဉ်အတွင်း ၃-၄ မိနစ်ကြာ ကမ္ဘာ့ဆွဲ အားမဲ့ပြီး လူခန္ဓာကိုယ် ပေါ့ပါး လွင့်မျော နေသည့် အတွေ့အကြုံကိုရခဲ့ကြောင်း မီဒီယာများကို ဖြေကြားခဲ့သည်။
ထို့ပြင် ကမ္ဘာကြီး၏ လုံးဝန်းမှုကို အပေါ်စီးအနေအထားမှ ပြန်မြင်ခဲ့ရပြီး နောက် ဘေးအန္တရာယ်ကင်းစွာ ကမ္ဘာ မြေသို့ ပြန်လည်ဆင်းသက်နိုင်မည့် ပြေးလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။
မျိုးဝင်း (ref; Reuters)