နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် - မြောက်ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး သဘောတူစာချုပ် နှစ် ၆၀ ပြည့် အပြန်အလှန်ဂုဏ်ပြု

ဘေကျင်း၊  ဇူလိုင်  ၁၃


တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံ တို့အကြား ချစ်ကြည်ရေး၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန်ကူညီရေး စာချုပ် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ရှီနှင့် ကင်မ်တို့နှစ်ဦးသည် အချင်းချင်း ဂုဏ်ပြုသဝဏ်လွှာများ ဖလှယ်ခဲ့ကြောင်း သိရသည်။


ယင်းသဝဏ်လွှာတွင်  တရုတ် သမ္မတ ရှီက ၁၉၆၁ ခုနှစ်က ယင်းစာချုပ် လက်မှတ်ရေးထိုးခဲ့သည်ကို ပြန်လည် ပြောကြားပြီးနောက် အဆိုပါ ဆုံးဖြတ် ချက်သည် နှစ်နိုင်ငံအကြား ရှည်ကြာ သည့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်း ဆောင်ရွက်မှုကို အားပေးရေးအတွက် အရေပါသော နိုင်ငံရေးနှင့် ဥပဒေရေးရာ အုတ်မြစ်ကို ချပေးလိုက်ကြောင်း ပြောခဲ့ သည်။


စာချုပ်တွင် ဖေါ်ပြထားသော စိတ် ဓါတ်၏ လမ်းညွှန်ချက်ဖြင့် တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် လွန်ခဲ့ သော နှစ်ပေါင်း ၆၀ အတွင်း ရင်းနှီး စွာ  ထောက်ပံ့ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း ရှီကပြောသည်။


အဆိုပါ ဘောတူစာချုပ်သည်  နှစ်  နိုင်ငံ  ဆိုရှယ်လစ်တည်ဆောက်ရေး အတွက် အခိုင်အမာအားပေးခဲ့ကြောင်း နှင့် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်မှုအတွက်လည်း  အရေးပါ သော  အကျိုးဆောင်မှုများ  ဖြစ်စေ ကြောင်း သိရသည်။ ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ