နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ဘတ်စ်ကားတိမ်းမှောက်

အန်ကာရာ၊  ဇူလိုင်  ၁၃ 


ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများကို  သယ်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် တူရကီအရှေ့ ပိုင်း တွင် တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း  ဒေသခံအာဏာပိုင်များက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။


အဆိုပါ တိမ်းမှောက်မှုမှာ ဗန်ပြည် နယ်ရှိ အီရန်နှင့် တူရကီနယ်စပ်အနီး မူရာဒီရီခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားမှာ ရေမြောင်းအတွင်းကျပြီးနောက် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


မတော်တဆမှုတွင်  သေဆုံးခဲ့သူ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း မသိရသေးကြောင်း ဘတ်စ်ကားပိုင်ရှင် ကို ထိန်းသိမ်းထားကြောင်း သတင်း ရင်းမြစ်နှစ်ခုစလုံးမှ ပြောကြားသည်။


တူရကီမှာ ဥရောပသို့ကူးပြောင်း ရန်ရည်ရွယ်သည့် ရွှေ့ပြောင်း အလုပ် သမားများအတွက် အဓိကလမ်းကြောင်း ဖြစ်ပါသည်။  အများအားဖြင့် အီရန်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်မှ ပြောင်း ရွှေ့လာသူများမှာ အီရန်နယ်စပ်ကိုဖြတ် ကာ တူရကီနိုင်ငံသို့ပုံမှန် ခြေလျင်ဖြင့် ဖြတ်သန်း၍ အနောက်ဘက်ရှိ အစ္စတန် ဘူလ်နှင့် အန်ကာရာမြို့ကြီးများသို့ ဝင် ရောက်ကြခြင်း ဖြစ်သည်။

မျိုးဝင်း (ref; Reuters)






အခြားဆက်စပ်သတင်းများ