နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်ပင်စိုက်ပျိုးခြင်းဖြင့်ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးအလေးပေး

ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းတွင်သာမက မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်တွေ့ကြုံခံစားနေရပြီဖြစ်သည့် အတွက် မြန်မာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ ကြုံတွေ့နေရပြီ ဖြစ်သည်။ ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေးလာသည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီဥတုဖြစ်စဉ်များ ပြောင်းလဲလာသည်။


ယခုအခါ သစ်တောသစ်ပင်လျော့နည်းလာပြီး သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ 


မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ပူပြင်းမှုကာလရှည်လျားပြီး ဆောင်းကာလတိုခြင်းတို့ ကြုံတွေ့ နေရသည်။


လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ်မှုသည် လျင်မြန်စွာမြင့်တက်လာနေ ကြောင်း ကမ္ဘာတစ်ဝန်းက အစီအမံများ ပြုလုပ်ထိန်းချုပ်သွားရန် လိုကြောင်း ကုလသမဂ္ဂက သတိပေးချက်တစ်ရပ် ထုတ်ပြန်ထား သည်။ 


ဥတုရာသီ တောကိုမှီ၏ ဆိုစကားအတိုင်း သဘာဝတော၊ တောင်၊ ရေအရင်းအမြစ်၊ သစ်တောများစသဖြင့် သဘာဝပတ်ဝန်း ကျင် ယိုယွင်းပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း များကိုလည်း လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ မြေကမ္ဘာကို ဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အစိုးရများက ဆွေးနွေးညှိနှိုင်းအဖြေရှာနေ ကြသည်။


ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် ၂၀၀၀ ပြည့်နှစ် ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လျက် ရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ သတိပေးထားသည်။ လက်ရှိအခြေအနေတွင် လူတစ်ဦးလျှင် သစ်ပင်တစ်ပင်နှုန်း စိုက်ပျိုးခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှု မြင့်တက်လာခြင်း ကို လျှော့ချသွားရန် ဆောင်ရွက်သင့်ပေသည်။ 


သစ်ပင်များစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူး များကို ပြည်သူများသိရှိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်နှင့် သစ်ပင်သစ်တော ပြုန်းတီးမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်၊ သဘာဝဘေးကျရောက် ခြင်းများမှလည်း ကာကွယ်နိုင်ရန်အတွက် နှစ်စဉ်နှစ်တိုင်း မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းများကို သစ်တောဦးစီးဌာနက မြန်မာနိုင်ငံ တစ်ဝှမ်း ဆောင်ရွက်စိုက်ပျိုးကြသည်။


ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုသည် လက်ရှိ အနေအထားအတိုင်း ဆက်လက်ထုတ်လုပ်ခွင့်ပြုထားလျှင် နောက်ပိုင်းထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားရန် မလွယ်ကြောင်း ကုလသမဂ္ဂက အသိပေးထုတ်ပြန်ထားရာ  သတိပြုဆင်ခြင်စရာ ဖြစ်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ