နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေး၊  ဇူလိုင် ၁၂


ဇူလိုင် ၁၀ ရက်၊ နံနက် ၁၁ နာရီခွဲ ခန့်တွင်     မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(B-14) နေ ဒေါ်ဝင်းသီ  (၄၇)နှစ် (ဘ) ဦးထွန်းအောင်သည် CDM ပြုလုပ်နေသူ များကို ငွေကြေးထောက်ပံ့ခြင်းပြုလုပ် ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယင်း၏နေအိမ်၌ သွားရောက်ရှာဖွေခဲ့ရာ ဒေါ်ဝင်းသီကို နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ ထွက်ဆိုချက်အရ မန္တလေး တောင်ခြေရှိ ဦးခန္တီဘုန်းကြီးကျောင်း တိုက်အတွင်း၌ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေထိုင်လျက် ရှိကြောင်း သိရှိရသဖြင့် ယင်းဘုန်းကြီး ကျောင်းတိုက်အတွင်းသို့ သွားရောက် စစ်ဆေးခဲ့ရာ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များဖြစ်သည့် မင်္ဂလာတောင် ညွန့် မြို့မရဲစခန်းမှ  ရဲဒုတပ်ကြပ် ရဲလင်း၊  မြို့သာမြို့မရဲစခန်းမှ    ရဲတပ်သား ညီညီမင်းထက်နှင့် ကျောက်ဆည်မြို့မ ရဲစခန်းမှ ရဲတပ်သား ဝင်းနိုင်ကိုတို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ပါသည်။


အလားတူ ည ၆ နာရီ ၅ မိနစ်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းကျေးရွာ၌ CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ    နေထိုင်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးခဲ့ရာ CDM ပြုလုပ် နေသော ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး အဖွဲ့ကို  လက်လုပ်မိုင်းဖြင့်ပစ်ပေါက် တိုက်ခိုက်ခဲ့သောကြောင့် သတိပေး      ပစ်ခတ်ဖမ်းဆီးခဲ့ရာ CDM ပြုလုပ်နေ သော    ရဲတပ်ဖွဲ့ဝင်  ၃ ဦးတို့ကို လက်လုပ်မိုင်း  ၆ လုံး၊ I-Con ၂ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်တွင် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင်များဖြစ်သည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (ချမ်းအေးသာစံ)မှ ရဲတပ်သား ခန့်ကိုကိုမောင်တွင် ကျောကုန်းကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိ သေဆုံးခဲ့ ကာ ရဲဒုတပ်ကြပ်   ဖိုးပြည့်တွင် ဝဲ လက်ညိုး    ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သဲကုန်းမြို့မရဲစခန်းမှ   ရဲတပ်သား ကျော်မင်းထက် ကို ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ကြောင်းသိရ သည်။                                   ဆွေဦး






အခြားဆက်စပ်သတင်းများ