နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ပြ၍ ခြိမ်းခြောက်လုယူရန် ကြိုးစားခဲ့သူ ၅ ဦးအနက်မှ တစ်ဦး ပစ္စတိုသေနတ် တစ်လက်နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊  ဇူလိုင် ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ပြ၍ ခြိမ်းခြောက်လုယူရန်  ကြိုးစားခဲ့သူ ၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဖမ်း ဆီးခဲ့ရာ    လုယူရန်ကြိုးစားခဲ့သူ အမျိုးသား ၁ ဦးကို ပစ္စတိုသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက်၊ နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၂)ရပ်ကွက်၊  သမိုင်း ဘူတာရုံလမ်း၊ အမှတ်(၄၅)၊  သမိုင်း ခုံးကျော်      တံတားအဆင်းရှိ   “လှသီတာ” ရွှေဆိုင်သည် ဖွင့်လှစ် ရောင်းချရန် ပြင်ဆင်နေစဉ် အဆိုပါ ဆိုင်ရှေ့သို့ YGN 7D---- TOYOTA CROWN  အဖြူရောင်ယာဉ် တစ်စီး ရောက်ရှိလာပြီး ယာဉ်ပေါ်မှ အမျိုးသား ၅ ဦးက ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ပြ ခြောက်လှန့်၍ ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများကို  လုယူရန် ကြိုးစားခဲ့သည်ကို  ဆိုင်ရှင်ဖြစ်သူနှင့် လုံခြုံရေးဝန်ထမ်းများ၊ ဆိုင်ဝန်ထမ်းများ က   ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အကြမ်းဖက်သူ ၄ ဦးမှာ  အဆိုပါ  မော်တော်ယာဉ် ဖြင့်ပင်  မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး လှိုင်သာယာမြို့နယ်၊  မီးခွက်ဈေး၊ မီးခွက် (၁)လမ်း၊ အမှတ်(၂၈၉)နေ ဝေယံ(ခ)အသေးလေး၊ (၁၈)နှစ် (ဘ) ဦးမျိုးဇော်ကို ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၈ တောင့်နှင့် ကျည်ခွံ ၁ ခု တို့ နှင့်အတူ ဖမ်းဆီးရရှိခဲ့သည်။


 ထိုကဲ့သို့ သေနတ်ပြခြောက်လှန့်၍ ရွှေထည်ပစ္စည်းများကို  လုယူရန် ကြိုးစားခဲ့ပြီး ထွက်ပြေးသွားသူများကို ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စစ်ဆေးရှာဖွေခြင်းများ  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင် ရွက်မှုကြောင့် ဖမ်းဆီးရမိသူ ဝေယံ(ခ)အသေးလေးကို စစ်ဆေး၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ