ပို့စ်အော့ပရင့်၊ ဇူလိုင် ၁၂
ဟေတီသမ္မတ ဂျိုဗန်နယ် မော်စီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နိုင်ငံ တည်ငြိမ်ရေးအတွက် အမေရိကန် တပ် များ စေလွှတ်ပေးရန် ဟေတီကြားဖြတ် အစိုးရက တောင်းဆိုလိုက်သည်။
အမေရိကန်အနေဖြင့် ယင်းကဲ့သို့ တောင်းဆိုမှုနှင့်ပတ်သက်၍ လက်ရှိတွင် စစ်ရေးအကူအညီပေးရန် အစီအစဉ်မရှိ သေးကြောင်း ပြန်လည်ပြောကြားခဲ့ သည်။
လတ်တလောတွင် အမေရိကန် အစိုးရသည် ဟေတီသမ္မတ လုပ်ကြံသတ် ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးရန်အတွက် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရိုမှ အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ရန် စီစဉ်ထား ကြောင်း သိရသည်။
သမ္မတလုပ်ကြံသတ်ဖြတ်ခံရသောကြောင့် မူလကပင်ဆင်းရဲနွမ်းပါးပြီး ဂိုဏ်းဖွဲ့ရာဇဝတ်မှု များပြားနေသည့် ဟေတီနိုင်ငံကို ပိုမိုအကြပ်ရိုက်စေကာ အထက်လွှတ်တော်ဥက္ကဌ ဂျိုးဆက်လမ်း ဘတ်ကို ယာယီသမ္မတအဖြစ် ထောက်ခံ ကြောင်း ပြီးခဲ့သည့် သောကြာနေ့က ကြေညာထားခြင်း ဖြစ်သည်။
အဆိုပါ လုပ်ကြံသတ်ဖြတ်မှုနောက် ကွယ်တွင် မည်သူရှိသည်ကို မသိရသေး သော်လည်း နိုင်ငံရေးလေ့လာသူများက မူ မကြာသေးမီနှစ်များအတွင်း အမြစ် တွယ်လာသည့် အဂတိလိုက်စားမှုနှင့် မူးယစ်မှောင်ခိုဂိုဏ်းများသည် သမ္မတ ကို လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင် ပတ်သက်မည်ဟု ခန့်မှန်းပြောကြား ထားသည်။
သမ္မတ လုပ်ကြံမခံရမီကတည်းက လူဆိုးဂိုဏ်းများ ပိုင်နက်အငြင်းပွားမှု ဖြစ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး သောကြောင့် လူပေါင်း ၁၄၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။
ရဲခေါင် (Ref : BBC)