လာဂိုစ်၊ ဇူလိုင် ၁၂
နိုင်ဂျီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်း Zamfara ပြည်နယ် အ တွင်းရှိ ကျေးရွာ ၅ ခုတွင် သေနတ် သမားများက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ကြောင့် အနည်းဆုံး လူပေါင်း ၃၅ ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြော ကြားခဲ့သည်။
Maradun ဒေသခံအစိုးရအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကျေးရွာ ၅ ရွာသို့ ဇူလိုင် ၈ ရက်က သေနတ်သမားများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ရက် အနည်းငယ်အကြာတွင် ပစ်ခတ်သွား ခဲ့ခြင်းဖြစ်ကြောင်း Zamfara ပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက မီဒီယာ သို့ ပြောကြားခဲ့သည်။
သေနတ်သမားများသည် လူနေအိမ် များ နှင့် အဆောက်အဦများကို လိုက်လံ ဖျက်ဆီးခဲ့သည့်အပြင် မြင်ကွင်းတွင် မြင်သမျှ ဒေသခံပြည်သူများကိုပါ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ အ ဆိုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် တိုက်ခိုက်ခံရကြောင်း သတင်း ပေးပို့မှုရရှိချိန်တွင် ဆိုးရွားသော လမ်း ခရီးအခြေအနေများကြောင့် အခင်းဖြစ် ကျေးရွာများသို့ အချိန်မီ သွားရောက် တားဆီးနိုင်ခဲ့ခြင်းမရှိကြောင်း၊ ယခုအခါ ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမား များ နောက်သို့လိုက်လံ၍ နယ်မြေ ရှင်း လင်းမှု လုပ်ဆောင်လျက်ရှိကြောင်း ယင်းက ထပ်မံ၍ပြောကြားခဲ့သည်။
မျိုးဝင်း (ref; Reuters)