ဝါရှင်တန်၊ ဇူလိုင် ၁၂
အမေရိကန် ပြည်တွင်းစစ်ကာလက တောင်ပိုင်းခွဲထွက်ရေးတပ်များ၏ ဗိုလ် ချုပ်ကြီးတစ်ဦးဖြစ်သူ Robert E. Lee ၏ ရုပ်တုနှင့် ထိုစဉ်က ယင်း၏ ညာလက် ရုံးဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး Thomas Stonewall Jackson တို့ နှစ်ဦး၏ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့လယ်ရှိ ပန်းခြံ ၂ ခုတွင်ထားရှိသော တောင်ပိုင်းခွဲထွက်ရေး ဗိုလ်ချုပ်ကြီး ၂ ဦး ၏ ရုပ်တုများကို ဖယ်ရှားရာတွင် လမ်းမများပေါ်၌ ရာချီသည့် လူထုက ကြွေးကြော်အားပေးခဲ့ကြခြင်း ဖြစ် သည်။
ယင်းဖြစ်စဉ်အပေါ် ခရစ်ယာန် သင်း အုပ်ဆရာ Marvin Morgan ကမူ စစ်ပွဲ ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ရန် ဘက်တပ်များကို ဦးဆောင်ခဲ့ကြသူများ ၏ အထိမ်းအမှတ် လုပ်ထားခြင်းမှာ အဓိပ္ပာယ် မရှိကြောင်း၊ လူမျိုးရေးခွဲခြား မှုကိုသာ အမှတ်ရစေကြောင်း ယင်း အမြင်ကို သုံးသပ်ပြောကြားထားသည်။
သမိုင်းဝင်ရုပ်တုများ ဖယ်ရှားရေးကို နှစ်ချီပြီး ဥပဒေကြောင်းအရသာမက လူမှုအသိုင်းအဝန်းကြားတွင်ပါ အချေ အတင် ဖြစ်ခဲ့ကြသော်လည်း လူဖြူကြီး စိုးရေးဝါဒီများနှင့် လက်ဝဲဝါဒီတက်ကြွ လှုပ်ရှားသူများအကြား အဓိကရုဏ်းဖြစ် ပွားရာမှ ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ရပြီး နောက် ၄ နှစ်အကြာတွင် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားလာခဲ့သည်။
ရဲခေါင် (ref; BBC)