နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ပြည်မကြီးတွင် COVID-19 ကူးစက်ခံရသူ ၂၆ ဦး တွေ့ရှိ

ဘေကျင်း၊  ဇူလိုင်  ၁၂ 


တရုတ်ပြည်မကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက COVID-19 ကူးစက်ခံရမှု အတည် ပြုပြီးသည့် လူ ၂၆ ဦးကို တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၇ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကာ  ကျန် ၁၉ ဦးမှာ ပြည်ပမှကူးစက်မှုဖြစ်ကြောင်း တရုတ်အမျိုးသား ကျန်းမာ ရေးကော်မရှင်က ထုတ်ပြန်လိုက်သည်။


တရုတ်ပြည်မကြီးတွင် Covid ရောဂါ   လက္ခဏမပြသည့် အသက်ရှုလမ်းကြောင်းဆိုင် ရာ ကူးစက်ခံရသူ (Asymptomatic) လူနာ ၄၈၀ ဦးရှိပြီး ၎င်းတို့မှာ  ဆေးဘက်ဆိုင်ရာ လေ့လာမှုများ ပြုလုပ်နေဆဲပင် ဖြစ်ကြောင်း သိရသည်။


ကူးစက်ခံရမှု   အတည်ပြုပြီးသူအရေအတွက်မှာ ဟောင်ကောင်တွင် ကူး စက်ခံရသူစုစုပေါင်း ၁၁,၉၄၉ ဦး (ပြန်လည်ကောင်းမွန် ၁၁,၆၄၈ ဦး၊ သေဆုံးမှု ၂၁၂ ဦး) နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသတွင် ကူးစက်ခံရသူ စုစုပေါင်း  ၅၅ ဦး (ပြန်လည်ကောင်းမွန် ၅၃ ဦး) နှင့် ထိုင်ဝမ်ဒေသတွင် ကူးစက်ခံရသူ စုစုပေါင်း ၁၅,၁၈၅ ဦး (ပြန်လည် ကောင်းမွန် ၁၁,၅၃၆ ဦး၊ သေဆုံးမှု ၇၃၀ဦး) ရှိခဲ့ကြောင်း သိရသည်။                                                                               မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ