ဝယ်လင်တန် ဇူလိုင် ၁၁
နယူးဇီလန်နိုင်ငံ၏ တောင်ပိုင်းကျွန်းရှိ Queenstown မြို့အနီး၌ မီးပုံးပျံပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံမီဒီယာတွင် ဖော်ပြခဲ့သည်။ အခင်းဖြစ်ပွားရာနေရာရှိ ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက အနည်းဆုံး လူတစ်ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် အခြားလူ ၁၀ ဦးမှာ အသေးစား သို့မဟုတ် အတော်အသင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ လေအားတစ်ဝက် တစ်ပျက် လျော့နည်းနေသည့် မီးပုံးပျံကြီးတစ်ခု အား သစ်ပင်သစ်ကိုင်းများအကြားတွင် တွေ့ရှိ ရကြောင်း အခင်းဖြစ်ပွားရာနေရာမှ ရုပ်ပုံများ အရ သိရသည်။ ၎င်းနေရာ၌ ဓာတ်အားလိုင်းများ စွာရှိပြီး အရေးပေါ်ဝန်ဆောင်မှုဌာနများ၏ တောင်းဆိုချက်အရ ဓာတ်အားလိုင်းကုမ္ပဏီမှ ဓာတ်အားများပိတ်ပေးခဲ့ကြောင်းနှင့် အနီးအနား ဆင်ခြေဖုံးဒေသများရှိ အနည်းဆုံးအိမ်ခြေ ၁၆၀ မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရကြောင်း သိရသည်။ နယူးဇီလန်နိုင်ငံ၌ မီးပုံးပျံခရီးစဉ်သည် ခရီးသွားများအားဆွဲဆောင်ရာတွင် လူကြိုက်များ သည့်ခရီးစဉ်များအနက် တစ်ခုဖြစ်ကြောင်း၊ သို့သော် ယခင်ကလည်း ယင်းကဲ့သို့ ဖြစ်ရပ်ဆိုးဖြစ် ပျက်ခဲ့ဖူးကြောင်း သိရသည်။
မျိုးဝင်း (ref; AFP)