နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟေတီသမ္မတကိုလုပ်ကြံသတ်ဖြတ်မှုဖြင့် ကိုလံဘီယာနိုင်ငံသား ၁၇ ဦးကို ထပ်မံဖမ်းဆီး

ပေါ့တ်အောရ်ပရင့်စ် ဇူလိုင် ၁၁


ဟေတီနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ကိုလံဘီယာ နိုင်ငံသား ၁၇ ဦးကို သမ္မတဂျွန်ဗန်နယ်လ် မွိုက်ဆီ လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည့် သံသယရှိသူများအဖြစ် ထပ်မံဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 


ဟေတီသမ္မတကိုသတ်ဖြတ်မှုတွင် အနည်းဆုံး ၂၈ ဦးပါဝင်ပြီး ထိုထဲတွင် ဟေတီ-အမေရိကန် ၂ ဦးအပြင် ယခု ကိုလံဘီယာနိုင်ငံသား ၁၇ ဦးပါ ထပ်မံပါဝင်ကြောင်း ဟေတီအမျိုးသားရဲဌာန ညွှန်ကြားရေးမှူး လီယွန်ချားလ်စ်က ပြောကြား ခဲ့သည်။ ယင်းအမှုတွင် သံသယရှိသူ အခြား ၈ ဦးမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး လုပ်ကြံ သတ်ဖြတ်သူသုံးဦးမှာ လုံခြုံရေးတပ်ဖွဲ့များ နှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ ဟေတီသမ္မတမွိုင်ဆီသည် ဇူလိုင်လ အစောပိုင်း က ယင်း၏နေအိမ်တွင် သေနတ်သမားများ စီးနင်းတိုက်ခိုက်မှုအတွင်း သေနတ်သမား တစ်ဦးလက်ချက်ဖြင့် သေဆုံးခဲ့ပြီး ဇနီးဖြစ် သူမှာ ဒဏ်ရာရရှိခဲ့သည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ