ဝါရှင်တန် ဇူလိုင် ၁၁
အာဖဂန်မှ တပ်များရုတ်သိမ်းခြင်းနှင့်ပတ်သက်သော သူ၏ဆုံး ဖြတ်ချက်ကို သမ္မတ ဘိုင်ဒင်က အပြင်းအထန် ကာကွယ်ပြော ကြားလိုက်ပြီး မအောင်မြင်နိုင်သောစစ်ပွဲတွင် နောက်ထပ် အမေရိကန် မျိုးဆက်တစ်ခုကို စတေးခြင်းထက် အာဖဂန် ပြည်သူ များသည် ယင်းတို့အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ အာဖဂန်စစ်တပ်သည် တာလီဘန်ကို မောင်းထုတ်နိုင်သည့် စွမ်းရည်ရှိကြောင်း ဘိုင်ဒင်က အိမ်ဖြူတော် အရှေ့ဘက်ခန်းမဆောင်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီ ရက်သတ္တပတ်များက တာလီဘန် တပ်များသည် မြို့များကို သိမ်းပိုက်လာသောကြောင့် အာဖဂန်သည် ပြည်တွင်း စစ်အနေအထားရောက်တော့မည်ဆိုသည့် စိုးရိမ်မှုများဖြစ်ပေါ် လာစေခဲ့သည်။ ကဘူးလ်ရှိ အမေရိကန်သံရုံး လုံခြုံရေးအတွက် ထားသော အမေရိကန် တပ်ဖွဲ့ဝင် ၆၅၀ မှအပ အမေရိကန် တပ်များ နောက်ဆုံးထွက်ခွာမည့်နေ့အဖြစ် ဘိုင်ဒင်က သြဂုတ်လ ၃၁ ရက်ကို သတ်မှတ်ထားခြင်းဖြစ်သည်။
မျိုးဝင်း (ref; BBC)