ဘေကျင်း ဇူလိုင် ၁၁
တရုတ်နိုင်ငံက မြင့်မားသော အဆောက်အအုံများကို တင်းတင်းကြပ်ကြပ် စိစစ်ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှု များ လုပ်ဆောင်နေစဉ်အတွင်း မီတာ ၅၀ဝ အထက် မိုးမျှော် တိုက်အသစ်များ တည်ဆောက်ခြင်းကို တားမြစ်သည့် ကြေညာ ချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မီတာ ၂၅၀ အထက် အဆောက်အအုံများကို တင်းကြပ်စွာ ကန့်သတ်ထားကြောင်း၊ အကယ်၍ ဆောက်လုပ်ရန် လိုအပ်ပါက ဆောက်လုပ် ရေးစီမံကိန်း များအား မီးဘေးလုံခြုံမှု အပါအဝင် ကဏ္ဍများစွာအပေါ် သုံးသပ် သွားမည်ဖြစ်ကြောင်းနှင့် အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနနှင့် ပူးတွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ မီတာ ၁၀ဝ အထက် အဆောက်အဦများအတွက်မူ ဆောက်လုပ်ရေး စီမံကိန်း များမှာ မြေငလျင်ဒဏ်ခံနိုင်ရည်ရှိမှုအတွက် တင်းကြပ်သော စိစစ် မှုကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း၊ အထပ်မြင့်အဆောက်အဦ များသည် မြို့၏ အရွယ်အစားနှင့် မီးဘေးလုံခြုံရေးဆောင်ရွက် နိုင်မှုနှင့် ချိတ်ဆက်ထားသင့်ကြောင်း ကြေညာချက်က ဆိုသည်။
ဒေသဆိုင်ရာ အစိုးရများအနေဖြင့် ဘေးကင်း စိတ်ချရမှုနှင့် အရည်အသွေးအရ ဆောက်လုပ်ရေး စီမံကိန်းများ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် လည်း လစ်ဟာမှုများ ရှိနေဆဲဖြစ်သဖြင့် ဘေးကင်းလုံခြုံမှု အန္တရာယ် များဆီ ဦးတည်သွားစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထို့ပြင် ဆောက်လုပ်ရေး စီမံကိန်းများ စီမံခန့်ခွဲမှု အားကောင်းရေး၊ အရည်အသွေးသည်သာ ပထမဟူသော စည်းမျဉ်းအား လိုက်နာ ရေးနှင့် ပြည်သူများ၏ အသက်နှင့် ပိုင်ဆိုင်မှု ဘေးကင်းရေး စိတ်ချ သေချာစေရေး တို့ကိုလည်း ထုတ်ပြန်ချက်၌ အလေးထား ဖော်ပြထားကြောင်း သိရသည်။
မျိုးဝင်း (ref; Xinhua)