လူငယ်ဟူသည် တက်ကြွ၏ ။ ရွှင်လန်း၏ ။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏ ။
ထို့ကြောင့်လူငယ်တို့သည် အနာဂတ်၏ ပန်းကောင်းအညွန့်ဟု တင်စားခေါ်ဆိုကြသည်။ လူငယ်တို့သည် လူငယ်ဘဝ ဉာဏ်ပညာထက်မြက်ရေးကို ဆောင်ရွက်ကြသကဲ့သို့ အပျော်အပါးများကိုလည်း နှစ်သက် မက်မောတတ်ကြ၏ ။ ထိုအပျော်အပါးများကို ဆင်ခြင်တုံ တရားထား၍ အတိုင်းအတာအကန့်အသတ်ဖြင့် ပျော်ပါးကြဖို့ သာဖြစ်ပေသည်။
ယနေ့ လူငယ်လူရွယ်များနှင့် အရွယ်ရောက်ပြီးသူများ နှစ်သက်စွဲလမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရမှုများမှာ အရက်နှင့် အရက်ကြောင့်ဖြစ်ပွားသော အန္တရာယ်များဖြစ်ပေသည်။ အရက် ကိုလူတိုင်းမသောက်သုံးသော်လည်း သောက်သုံးသူပိုများ လာသည်ကို နေရာဒေသအနှံ့တွင် လွယ်လင့်တကူရောင်းချသော ဆိုင်များက သက်သေပြလျက်ရှိသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေကာတတိယ လိုင်းပင် ဝင်လာနေသည်။ ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိပြီး သေဆုံးမှုနှုန်း မြင့်မားလာသည်။ ကိုဗစ် ၁၉ ကာလအတွင်း အိမ်တွင်းနေရချိန်များတွင် တချို့ကစာအုပ်ဖတ်ခြင်း၊ တရား ထိုင်ခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ ချက်ပြုတ်၊ လျှော်ဖွပ်ခြင်း၊ သန့်ရှင်းရေးအလုပ်လုပ်ခြင်း၊ စာသုံးသီးနှံစိုက်ပျိုး ခြင်းဖြင့်လည်းကောင်း၊ ရုပ်သံဇာတ်လမ်းတို့ကြည့်ခြင်း၊ လူမှု ကွန်ရက်အသုံးပြုခြင်းလည်းကောင်း၊ တချို့မှာ အိမ်မှာပင် အရက်သေစာသောက်စားခြင်း၊ လောင်းကစားပြုလုပ်ခြင်းဖြင့် တစ်နေ့တာကို ဖြတ်သန်းနေကြသည်။
အရက်သောက်သုံးသူအနေဖြင့် စိတ်ပိုင်း၊ရုပ်ပိုင်း သာမက လူမှုအသိုက်အဝန်းပေါ်လည်း ဆိုးကျိုးများစွာ သက်ရောက် နေသည်။ အရက်သောက်သုံးမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၂ ဒသမ ၅ သန်းကျော် ရှိပြီး ယင်းအထဲတွင် လူငယ်သုံးသိန်း ကျော်ပါဝင်နေသည်။ သန်းပေါင်းများစွာသော သူတွေကိုလည်း နောက်ဆက်တွဲ ရောဂါမျိုးစုံဖြစ်ပေါ်စေလျက်ရှိသည်။
အရက်သည် "တန်ဆေးလွန်ဘေး" ဆိုသကဲ့သို့ သောက်သုံး သောပမာဏပေါ်မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်ပေါ် နိုင်သည်။ အထူးသဖြင့် လူမှုစီးပွားဘဝအကျပ်အတည်း များနှင့် ကြုံတွေ့နေရသော ယခုလို ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေ သော အကျပ်အတည်းကာလအတွင်းမှာ အရက်သောက်သုံး ခြင်းကြောင့် နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းကြရသည်။ ဆိုးကျိုးမျာကိုသာ ဖြစ်ပေါ်သော အရက်ယမကာကို တတ်နိုင် သမျှ လျှော့ချသောက်သုံးသင့်သည်။
အရက်အဖျော်ယမကာသည် လူတို့ကို ကျန်းမာရေးထိခိုက် စေခြင်းနှင့် ကိုယ်ကျင့်သိက္ခာနှင့် ပြစ်မှုကျုးလွန်မှုများကို အလွယ် ကူဆုံး၊ အလျင်မြန်ဆုံးဖြစ်ပေါ်စေနိုင်သောကြောင့် မျက်မှောက် ကာလတွင် ဝိုင်ဝန်းကာကွယ်ပေးစေချင်ကြောင်း။ ။