နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြင်းခြံမြို့နယ်၌ လက်နက်/ခဲယမ်းများ နှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိ

မြင်းခြံ၊  ဇူလိုင် ၁၀


ဇူလိုင် ၇ ရက်၊ နေ့လယ်ပိုင်းတွင် မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော မြင်းခြံမြို့နယ်၊ ဂျုပ္ပင်ကျေးရွာနေ ဦးစိန်ဝင်း၏ နေအိမ်ကို သတင်းအရ လုံခြုံရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံများဖြစ်သော စိန်ဝင်း(၅၇)နှစ်၊ ဟန်ဇော်ထိုက် (၄၃)နှစ်၊ မန်းလင်း(၄၃)နှစ်၊ ဝင်းကို (၃၂)နှစ်၊  ကျော်စိန်ဦး(၃၁)နှစ်၊ နိုင်လင်း(၂၉)နှစ်၊ ချမ်းမင်းဟိန်း (၂၅)နှစ်၊ အာကာကျော်(၂၁)နှစ်၊ နိုင်မင်းကို(၁၇)နှစ်နှင့် ချစ်စမ်းမောင် (၁၇)နှစ်တို့  ၁၀ ဦးတို့ကို ပလတ်စတစ်လက်ပစ်ဗုံးနှစ်လုံး၊  ၉ မမ ကျည်ခြောက်တောင့်၊  အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


 ဖမ်းဆီးရမိတရားခံ စိန်ဝင်း၏ ထွက်ဆိုချက်အရ လက်လုပ် သေနတ်များနှင့် အခြားပစ္စည်းများကို ယင်းပိုင်ဆိုင်သော ခြံဝင်း အနီး သရက်ပင်အောက်တွင် မိုးကာဖြင့်အုပ်၍ လက်နက်/ခဲယမ်း များ သိမ်းဆည်းထားကြောင်းသိရသဖြင့် ဇူလိုင် ၈ ရက်၊ နေ့လယ် တွင် လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ တူမီးသေနတ် နှစ်လက်၊ လက်လုပ်သေနတ်မျိုးစုံ ၂၆ လက်၊ လက်လုပ် မိုင်း ၂၂ လုံး၊ ဂျင်ဂလိ ၂၅ ချောင်း၊ ဓာတ်ငွေ့ကာဝတ်စုံသုံးစုံ၊ ဂက်စ်ဘူး ၁၁ ဘူး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။                

 ဆွေဦး






အခြားဆက်စပ်သတင်းများ