နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်ပြည်နယ်၌ COVID-19 ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားနေကြောင်းစစ်တမ်းထုတ်ပြန်

ဟူစတန်၊ ဇူလိုင် ၁၀ 


အမေရိကန်ပြည်ထောင်စု တက္က ဆက် ပြည်နယ်၌ ကာကွယ်ဆေး ဘေး ထွက် ဆိုးကျိုးနှင့် ပတ်သက်၍ အဓိက စိုးရိမ်ပူပန် မှုများရှိနေသဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံမှု နှေးကွေး လာကြောင်း စစ်တမ်းတစ်ခုထုတ် ပြန် လိုက်သည်။ The Dallas Morning သတင်းစာနှင့် Tyler ရှိ တက္ကဆက် တက္ကသိုလ် (UT-Tyler) တို့မှ ပူးပေါင်း ကောက်ယူသည့်စစ်တမ်းအရ တက္က ဆက်မြို့တွင် ကာကွယ် ဆေးထိုးနှံ ခြင်းမရှိသူ ၃၄ ရာခိုင်နှုန်း ခန့်က ကာ ကွယ် ဆေးဘေးထွက်ဆိုးကျိုးကြောင့် ဆေးသွားရောက်ထိုးနှံခြင်း မပြုခြင်း ဖြစ်ကြောင်း သိရသည်။

 

ဘေးထွက် ဆိုးကျိုးများသည် COVID-19 ကြောင့်ဖြစ်ပွားသည့် အန္တရာယ်ထက် များစွာနည်းကြောင်း၊ သို့သော် တက္ကဆက်ပြည်နယ်၌ ကာ ကွယ် ဆေးထိုးရန် ယုံကြည်မှုမရှိသေး သူများရှိကြောင်း ပြည်သူ့ကျန်းမာ ရေး ကျွမ်းကျင်သူများက ပြောသည်။ တက္ကဆက်ပြည်နယ်၌ ရီပတ် ဘလစ် ကန် ပါတီအား မဲထည့်ခဲ့သူများက ကာ ကွယ်ဆေးထိုးရန် ဆန္ဒမရှိကြောင်း ပြော ဆိုမှုနှင့်အတူ စစ်တမ်းဖြေဆို မှုတွင် ကာကွယ်ဆေးထိုးမည် မဟုတ်ကြောင်း ဖြေကြားထား သော်လည်း  ကာကွယ် ဆေးထိုး နှံပြီးသူ အရေအတွက် မြင့်တက် တက်လာခဲ့ကြောင်း စစ်တမ်းတွင် တွေ့ ရသည်။ 


တက္ကဆက်ပြည်နယ်၌ ကာ ကွယ်ဆေးထိုးရန် အရည်အချင်း ပြည့် မီသူများ၏ ၅၈ ရာခိုင် နှုန်း ကျော်မှာ အနည်းဆုံးကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးဖြစ် ကြောင်း  ပြည်နယ်အချက်အလက် များတွင် ဖော်ပြထားသည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ