နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ်တွင် အချိုရည်စက်ရုံ မီးပြင်းထန်စွာ လောင်ကျွမ်း

ဒါကာ ၊ ဇူလိုင် ၁၀ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စက်ရုံ တစ်ရုံ တွင် မီးပြင်းထန်စွာ လောင်ကျွမ်းခဲ့ခြင်း ကြောင့်အနည်းဆုံးလူသုံးဦး သေဆုံး ကာ လူ၂၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ပိတ်မိသူ အများစု ရှိနေကြောင်း အရာရှိများက ပြောသည်။ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ မှ ၁၂ မိုင်ကွာဝေးသည့် နာရန်ဂန် တွင် ဇူလိုင် ၈ ရက်က အချိုရည် စက်ရုံ မီးလောင်ခဲ့ခြင်းဖြစ်ပြီး အထပ်များ စွာရှိသည့် ယင်းစက်ရုံ ၏ မြေညီထပ်မှ စတင် မီးလောင်ကျွမ်းခဲ့ကြောင်း၊လက်ရှိ အချိန်ထိ မီးလောင်ကျွမ်းရသည့် အကြောင်း ရင်းကိုမူ မသိရသေးကြောင်း အာဏာပိုင်များက ပြော သည်။ မီးလောင် သည့်နေရာတွင် လူနှစ်ဦးပွဲချင်း ပြီးသေ ဆုံးပြီး နောက်တစ်ဦးမှာဆေးရုံ တွင် သေဆုံးခဲ့ကာ လူ၂၀ ဦး ဒဏ်ရာရထား ကြောင်း သိရသည်။ 


ဒဏ်ရာရသူအားလုံး မှာ စက်ရုံ၏ နှစ်လွှာနှင့် သုံးလွှာအထပ် များမှ အောက်သို့ ခုန်ချကြရာမှ ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဌာန အရာရှိ က ပြောသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် စက်ရုံအများစုမှာ တရားမဝင်ဖွင့်လှစ် ပြီး မီးဘေးလုံခြုံရေးအစီအမံလည်း ကောင်းကောင်းမွန်မွန် မရှိကြသည့် အတွင် ယခု လိုအဖြစ်အပျက်မျိုးမှာ မကြာခဏ ဖြစ် ပွားလျက်ရှိကြောင်း မီဒီယာများတွင်ရေးသား ဖော်ပြထား သည်။ 

ရဲခေါင် (Ref: Reuters)






အခြားဆက်စပ်သတင်းများ