နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခုခံအားကျဆင်းသည့်ရောဂါ ( AIDS) ကာကွယ်ဆေး အောက်စဖို့ဒ်တွင် စမ်းသပ်ထိုးနှံ

လန်ဒန် ၊ ဇူလိုင် ၁၀ 


အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ဇူလိုင် လအစောပိုင်းက ခုခံအားကျဆင်းမှု ရောဂါ (AIDS) ကာကွယ်ဆေးကို ပထမအဆင့် စမ်းသပ်ထိုးနှံမှုများ စတင်သရုပ်ပြသ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။ 


အဆိုပါ စမ်းသပ်မှုကို HIV-CORE 0052 ဟု အမည်ပေးထားပြီး ဘေးကင်း မှု၊ ခံနိုင်ရည်ရှိမှု၊ ကိုယ်ခံအားစနစ် တုန့်ပြန်မှုများကို အကဲဖြတ်ရန် ရည် ရွယ်ကာ ဥရောပကော်မရှင်၏ ဥရောပ ခုခံအားကျဆင်းရောဂါကာကွယ်ဆေး ဆောင်ရွက်ချက်၏ တစ်စိတ်တစ်ပိုင်း အဖြစ် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ ယင်း ထိုးဆေးသည် စွယ်စုံရဆေးဖြစ်ပြီး ခုခံအားကျရောဂါ HIV-1 ၏ မျိုးဗီဇ အမျိုးမျိုးကို ရည်ရွယ်စမ်းသပ်ထုတ် လုပ်ထားခြင်းဖြစ်သည့် အတွက် ကမ္ဘာ တွင် အသင့်လျော်ဆုံးဆေးဝါးတစ်မျိုး ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း သတင်းများကအသီးသီး ရေးသားဖော် ပြကြသည်။ အဆိုပါဆေးကို လေးပတ် ခြားပြီး နှစ်ကြိမ်စီထိုးပေးရမည်ဖြစ် ကာ ထိုးပေးမည့်သူများမှာ အိတ်ချ်အိုင်ဗွီ ပိုးမရှိသည့် အသက်၁၈နှစ်နှင့် ၆၅ နှစ် အကြားလူများဖြစ်သည် ဟု သိရသည်။ 

မျိုးဝင်း (Ref; AFP)






အခြားဆက်စပ်သတင်းများ