နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်အိုလံပစ်ပွဲသို့ ဧည့်ပရိသတ်များ တက်ရောက်ကြည့်ရှုခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်

တိုကျို ၊ ဇူလိုင် ၁၀ 


ဂျပန်နိုင်ငံတွင် လာမည့် ဇူလိုင်လ ၂၃ ရက်တွင် စတင် ကျင်းပ မည့် တိုကျိုအိုလံပစ် အားကစားပွဲတော်ကို ဧည့်ပရိသတ်များ ကြည့်ရှုခွင့်ပြုမည် မဟုတ်ကြောင်း ဂျပန်အစိုးရနှင့် အိုလံပစ် အားကစားပွဲ ကျင်းပရေးတာဝန်ရှိသူ များက ပြောသည်။

 

ယခုကဲ့သို့ ထုတ်ပြန်ချက်ကိုဂျပန် အစိုးရ၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) တာဝန်ရှိသူများနှင့် တိုင်ပင်ပြီး ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် အိုလံ ပစ် ကျင်းပရေး တာဝန်ရှိသူများကပြော သည်။ Covid 19 ကပ်ရောဂါကူးစက်မှု တိုးလာနေ ခြင်းကြောင့် တိုကျိုမြို့တော် ကို အရေးပေါ်အခြေအနေ ကြေညာလိုက် ပြီးနောက် ဇူလိုင်လ ၂၃ ရက်မှ သြဂုတ် လ ၈ ရက် အထိ ကျင်းပမည့်အိုလံပစ် အားကစားပွဲကာလအတွက် အရေးပေါ် အခြေအနေကို ဆက်လက် ကြေညာ ခဲ့ခြင်းလည်း ဖြစ်သည်။ 


တိုကျို အိုလံ ပစ်ပွဲတော်တွင် ပရိတ် သတ်များလာ ရောက်ကြည့်ရှုခွင့်ကို ခွင့်မပြုရန်ကျန်း မာရေး ပညာရှင်များက တိုက်တွန်း ထားသော် လည်းအားကစား ပွဲ စီစဉ်သူများကမူ ပရိသတ် ၁၀၀၀ သို့မဟုတ် ပရိသတ်တစ်ဝက်လောက် ကိုသာခွင့်ပြု ရန်ပြီးခဲ့သည့် လကတည်း က ကြေညာ ထားပြီးဖြစ် သော်လည်း လက်ရှိတွင် ယခုကဲ့သို့ ပြောင်းလဲထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။                                ရဲခေါင် (ref; NHK)






အခြားဆက်စပ်သတင်းများ