နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟေတီသမ္မတ လုပ်ကြံမှု သံသယကြောင့် ဖမ်းဆီးထားသူတွေထဲ အမေရိကန်နိုင်ငံသား နှစ်ဦးပါဝင်

ပေါ့တ်အော်ရ်ပရင့်စ် ၊ ဇူလိုင် ၁၀ 


ဟေတီနိုင်ငံတွင် သမ္မတလုပ်ကြံ သတ်ဖြတ်မှု နှင့် ဆက်နွယ်ပြီးမသင်္ကာ သူများကို အာဏာပိုင်များက လိုက် လံရှာဖွေဖမ်းဆီးနေပြီး ဖမ်းဆီးထားသူ များတွင် အမေရိကန်နိုင်ငံသား နှစ်ဦး ပါဝင်နေကြောင်း သိရသည်။ မသင်္ကာ သူ ခုနစ်ယောက်ကို အသေဖမ်းဆီးမိပြီး၊ အမေရိကန် နိုင်ငံသားနှစ်ဦးအပါ အဝင် ခြောက်ယောက်ကိုလက်ရဖမ်းဆီးထား ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့ သည်။ 


ထို ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ယောက် ကိုလည်း ကယ်ဆယ်နိုင်ခဲ့သည်ဟုယင်း တို့က ပြောသည်။ကြေးစားများအဖြစ် ရည်ညွှန်းပြီးသံသယရှိသူများကို ဖမ်း ဆီးရန် ဆက်လက် ကြိုးပမ်း နေကြောင်း ဟေတီရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးက ပြောခဲ့ပြီး သမ္မတ လုပ်ကြံခံရပြီးနောက် အရေးပေါ် အခြေအနေကြေညာကာ အုပ်ချုပ်နေသည့် ယာယီဝန်ကြီးချုပ်မှာ တရားမျှတမှုရရန် ကြိုးပမ်းမည့် အကြောင်း ပြောသည်။ 


ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် အမေရိကန် နှစ်ယောက်အနက် တစ် ယောက် မှာ ဟေတီနိုင်ငံဖွားအမေရိကန် လူမျိုးတစ်ဦးဖြစ်ကြောင်း သိရသည်။ 

ရဲခေါင် (ref; AP)






အခြားဆက်စပ်သတင်းများ