နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတလုပ်ကြံခံရပြီးနောက် ဟေတီနိုင်ငံ အရေးပေါ်အခြေအနေ ကြေညာ

ပေါတ်အော်ရ်ပရင့်စ်     ဇူလိုင်    ၉


ဟေတီနိုင်ငံတွင်  သမ္မတလုပ်ကြံခံခဲ့ရပြီးနောက် အရေးပေါ်အခြေအနေအရ တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ကြောင်း ယာယီဝန်ကြီးချုပ်က ကြေညာလိုက်သည်။ 


ဟေတီနိုင်ငံ ပေါ့တ်အော်ရ်ပရင့်စ်မြို့တော်ရှိ လူဂုဏ်တန်ရပ်ကွက်အတွင်းက နေအိမ်တွင် သမ္မတ Jovenel Moise ကို မည်သူမှန်းမသိသည့် သေနတ်သမားများလုပ်ကြံသတ်ဖြတ်ခဲ့ပြီး နာရီပိုင်းအကြာတွင် ဝန်ကြီးချုပ်၏ကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။ 


ထို့ပြင်  နယ်စပ်များနှင့်  အဓိကလေဆိပ်ကိုလည်း  ပိတ်ထားလိုက်ပြီဖြစ်သည်။  သေနတ်သမားများသည် အသေအချာ လေ့ကျင့်ထားသည့် လက်နက်အပြည့်အစုံကိုင်ဆောင်လာသူများဖြစ်ကြပြီး စနစ်တကျ စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊                     တိုက်ခိုက်မှုတွင် ဒဏ်ရာရခဲ့သည့် သမ္မတကတော်ကို ဆေးကုသပေးထားပြီး၊ တိုက်ခိုက်ခံရချိန်တွင်ရှိနေသည့် သမ္မတ၏ ကလေးတစ်ယောက်ကိုလည်း လုံခြုံစိတ်ချရသည့်နေရာတစ်ခုကိုပြောင်းရွှေ့ထားကြောင်း   ယာယီဝန်ကြီးချုပ်က ပြောသည်။ 

မျိုးဝင်း (Ref; AFP)






အခြားဆက်စပ်သတင်းများ