နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆင်ဆာဖြတ်ခြင်းနှင့်ပတ်သက်၍ ဖေ့ဘွတ်ခ်၊ တွစ်တာနှင့် ဂူဂဲလ်တို့ကို ကန်သမ္မတဟောင်း ထရမ့် တရားစွဲ

ဝါရှင်တန်    ဇူလိုင်    ၉


ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် သည်  တွစ်တာ၊ ဖေ့ဘွတ်ခ်နဲ့  ဂူဂဲလ် ကုမ္ပဏီတို့နှင့်သက်ဆိုင်သည့် စီအီးအို များ၏ ကွန်ဆာဗေးတစ်အယူအဆ များဖြင့် ဆင်ဆာဖြတ်ခြင်းအပေါ် တရား စွဲဆိုခဲ့ကြောင်း ပြောကြားလိုက်သည်။ မိုင်ယာမီခရိုင်တရားရုံးတွင် တင်ပြခဲ့ သည့် တရားစွဲဆိုချက်များ၌ ကယ်လီ ဖိုးနီးယားအခြေစိုက်      လူမှုကွန်ရက် ပလက်ဖောင်းများသည် အမေရိကန် အခြေခံဥပဒေ ပထမအကြိမ်ပြင်ဆင်ချက် တွင်ပြဋ္ဌာန်းထားသည့်  လွတ်လပ်စွာ ပြောပိုင်ခွင့်ကို  ချိုးဖောက်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။ 


ထို့ပြင် တရားစွဲဆိုခြင်းများကို အဖွဲ့ လိုက်တရားစွဲဆိုခြင်းပုံစံဖြင့် တင်ပြထား ပြီး တွစ်တာ၊ ဖေ့ဘွတ်ခ်နှင့် ဂူဂဲလ်တွင် မတရားဆင်ဆာပြုလုပ်ခြင်းအပေါ် သုံးစွဲ သူများ၏ ကိုယ်စားရပ်တည်သွားမည် ဖြစ်ကြောင်း ထရမ့်က ပြောသည်။ အဆိုပါ လူမှုကွန်ရက်ကုမ္ပဏီများကမူ ထရမ့် သည် အကြမ်းဖက်မှုကိုဖော်ပြခြင်းမူဝါဒ များကို ချိုးဖောက်ကြောင်း သတ်မှတ် ခဲ့ပြီး ထရမ့်၏ အဓိကဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့လိုက်ကြ ခြင်းဖြစ်သည်။ 


ထရမ့်သည် တရားရုံးတွင် ဆက်သွယ် ရေးစံနှုန်းအက်ဥပဒေပုဒ်မ  ၂၃၀ ကို ပယ်ဖျက်ပေးရန်  တောင်းဆိုထားကာ ထိုဥပဒေပုဒ်မသည်    လူမှုကွန်ရက် ကုမ္ပဏီများကို ဥပဒေအရ အလွန်အကာ အကွယ်ပေးထားခြင်းဖြစ်ပြီး လုပ်ရပ် အတွက် တာဝန်ယူမှုမှ ရှောင်ဖယ်ခွင့်ပြု ထားကြောင်း ထရမ့်က တရားစွဲဆိုရာ တွင် ထည့်သွင်းပြောကြားခဲ့သည်။ 


ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ