နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ဖွယ်အဆင့်တွင်ရှိနေကြောင်း WHO အလေးအနက်သတိပေး

ဂျီနီဗာ    ဇူလိုင်    ၉


ကမ္ဘာကြီးတွင် Covid ကပ်ရောဂါ ဖြစ်ပွားမှုမှာ အလွန်အမင်းအန္တရာယ် ဆိုးရွားသည့်အဆင့်ကို ရောက်နေပြီဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ   Tedros   Adhanom Ghebreyesus  က အလေးအနက်သတိ ပေးပြောဆိုလိုက်သည်။ ယင်းသို့ဖြစ်ပွား ရခြင်းမှာ  တစ်ကမ္ဘာလုံးတွင်  Covid ကာကွယ်ဆေးရရှိမှု မညီမမျှဖြစ်သည့် အတွက် Covid ကပ်ရောဂါမျိုးဗီဇပြောင်း ပိုးသစ်မှာ အဆက်မပြတ်ပြန့်ပွားနေခြင်း ဖြစ်ကြောင်း ယင်းကပြောသည်။ အချို့ နိုင်ငံများသည်    ကာကွယ်ဆေးထိုး သည့်နှုန်းများမြင့်မားပြီး ဆေးထိုးနှုန်း ဆက်လက်မြင့်မားရန် စီစဉ်နိုင်ကြသည့် အတွက် လူအချင်းချင်း သတ်မှတ်အကွာ အဝေးထားခြင်းကိုပင် ပယ်ဖျက်ပေးနေ ကြောင်း ဂျီနီဗာရှိ WHO ဌာနချုပ်က ထုတ်ပြန်ထားသည်။ 


သို့ရာတွင် ကာကွယ်ဆေးရရှိနိုင်မှု မှာ တုန်လှုပ်စရာကောင်းလောက်အောင် ညီမျှမှုမရှိသည့်အတွက် Covid ကပ် ရောဂါ မျိုးဗီဇပြောင်းပိုးသစ်ကူးစက်မှု များမှာ ကမ္ဘာ့ဒေသတိုင်းတွင်ဆိုးရွား စွာဖြစ်ပွားလာကြောင်း      သိရသည်။ တစ်ကမ္ဘာလုံးတွင် Covid ကပ်ရောဂါ ကြောင့် လူပေါင်း ၄ သန်းခန့်သေဆုံးခဲ့ ကြောင်း WHO က ပြောသည်။               

ရဲခေါင် (Ref; BBC)






အခြားဆက်စပ်သတင်းများ