နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 သည် သဘာဝအတိုင်းပေါ်ပေါက်ပြီး ဓာတ်ခွဲခန်းမှစတင်ခြင်းမဟုတ်ကြောင်း သိပ္ပံပညာရှင်များ ပြော

ဘေကျင်း    ဇူလိုင်    ၉


SARS-CoV-2     ဗိုင်းရပ်စ်သည် သဘာဝတွင် ပေါ်ပေါက်ခြင်းဖြစ်နိုင်ခြေ အမြင့်မားဆုံးဖြစ်ပြီး ဓါတ်ခွဲခန်းမှစတင် ခြင်းမဟုတ်ကြောင်း အဆိုပါဗိုင်းရပ်စ် သစ်ကို အစောပိုင်းက မျိုးဗီဇစမ်းသပ်မှု များနှင့် ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ယခင်ကပေါ်ပေါက်ဖူးသည့်   ကူးစက် ရောဂါများမှ ခိုင်လုံသည့် အထောက် အထားများကို သိပ္ပံပညာရှင်များ ထုတ် ဖော်ပြောကြားလိုက်သည်။ 


အဆိုပါအစီရင်ခံစာကို    ဇီဝဗေဒ ပညာရှင်များ၊ ဂေဟဗေဒပညာရှင်များ၊ ကူးစက်ရောဂါပညာရှင်များ၊   သမား တော် များ၊ ပြည်သူ့ကျန်းမာရေးပညာရှင် များနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များ ပူးပေါင်းပြုစုခြင်းဖြစ်ကြောင်း   သိရ သည်။ ပွင့်လင်းမြင်သာပြီး ဂရုတစိုက် ပြုစုထားသော  သိပ္ပံသတင်းအချက် အလက်များသည်  ကိုရိုနာဗိုင်းရပ်စ် မည်သို့ပျံ့နှံ့သည်ကို      နားလည်ရန်၊ Covid-19 ရိုက်ခတ်မှုများကို    မည်သို့ လျှော့ချမည်ကို  သေနင်္ဂဗျူဟာဖေါ်ထုတ် ရန်နှင့်  သဘာဝအတိုင်းဖြစ်ပေါ်သည် ဖြစ်စေ  အခြားလမ်းကြောင်းတစ်ခုမှ လူ့အဖွဲ့ အစည်းသို့ ကူးစက်သည်ဖြစ်စေ အနာဂတ်ကူးစက်မှုကိုတားဆီးရန် လွန်စွာအရေးပါသည်စသဖြင့်     သိပ္ပံ ပညာရှင်များ ထုတ်ပြန်ရေးသားခဲ့ခြင်း ဖြစ်သည်။ 


စက်မှုထိပ်သီး ၇ နိုင်ငံခေါင်းဆောင် များက     အချိန်မီပွင့်လင်းမြင်သာ ကျွမ်းကျင်သူများဦးဆောင်သော သိပ္ပံ ပညာအခြေခံသည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဒုတိယဆင့်စုံစမ်းစစ်ဆေးမှု တောင်းဆိုခြင်းကိုလည်း သိပ္ပံပညာရှင် များ ထောက်ခံထားသည်။

မျိုးဝင်း (Ref : BBC)






အခြားဆက်စပ်သတင်းများ