နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ကာကွယ်ဆေးထိုးပြီးသူ ယခုရက်သတ္တပတ်အကုန် သန်း ၁၆၀ ရှိပြီဟု ကန်သမ္မတ ပြော

ဝါရှင်တန်    ဇူလိုင်    ၈


ဗီဇပြောင်း  ဒယ်လ်တာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပြီးသည့်အမေရိကန် လူမျိုးအရေအတွက်မှာ  သန်း ၁၆၀ အမှတ်အသားအထိ ယခုသီတင်းပတ် အကုန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြော ကြားသည်။ COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှုမှာ ဇန်နဝါရီလမှစ၍ ၉၀ ရာခိုင် နှုန်းကျဆင်းသွားကြောင်း၊ သန်းပေါင်း များစွာသော ကာကွယ်ဆေးထိုးထား သော အမေရိကန်များအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ပွားမီကကဲ့သို့ ယင်းတို့၏ဘဝများကို နေထိုင်နေကြပြီ ဖြစ်ကြောင်း ပြောကြားသည်။ စီးပွားရေး လုပ်ငန်းများ     ပြန်လည်ဖွင့်လှစ်ခြင်း နှင့်စီးပွားရေးပရောဂျက်တိုးတက်မှုမှာ ဆယ်စုနှစ်လေးခုအတွင်း အမြင့်ဆုံးဖြစ် မည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။


ထို့ပြင် ဘိုင်ဒင်က နိုင်ငံအနှံ့အပြား ဖြစ်ပွားမှုအားလုံး၏ ထက်ဝက်ကျော်မှာ ဒယ်လ်တာမျိုးကွဲကြောင့် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။ ကာကွယ် ဆေးထိုးခံထားရသည့်  အမေရိကန် များသည် ကာကွယ်မှုအမြင့်ဆုံးရှိနေပြီး ဒယ်လ်တာမျိုးကွဲအပါအဝင်  နောက် ထပ်လေ့လာမှုအရ   မေလအစောပိုင်း ကတည်းက အမေရိကန်တွင် ဆေးရုံ တက်ကုသမှုနှင့် သေဆုံးမှုအားလုံးနီးပါး မှာ ကာကွယ်ဆေးမထိုးရသေးသူများ ဖြစ်ကြောင်း သိရသည်။

ရဲခေါင် (Ref; BBC)






အခြားဆက်စပ်သတင်းများ