နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘန်ကောက်လေဆိပ်နား စက်ရုံပေါက်ကွဲမှု လူအများအပြား ဒဏ်ရာရ

ဘန်ကောက်   ဇူလိုင်    ၈


ထိုင်းနိုင်ငံ     ဘန်ကောက်မြို့ပြင် လေဆိပ် နားမှာရှိတဲ့ ဖော့နဲ့ ပလတ်စတစ် ကော်စေ့ထုတ်တဲ့စက်ရုံဝင်းမှာ တနင်္လာ နေ့က ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွား ခဲ့တဲ့အတွက်  သေဆုံးသူအနည်းဆုံး တစ်ဦးရှိပြီး ဒဏ်ရာရသူက ၆၂ ယောက်ရှိ ကြောင်း ထိုင်းအာဏာပိုင်များက ပြော သည်။ 


အဆိုပါ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရ သူများတွင် မီးသတ် ၁၂ ယောက်နှင့် ကယ်ဆယ်ကူညီရေးလုပ်သားတွေ လည်းပါဝင်ပါတယ်။ ပေါက်ကွဲမှုကြောင့် လူနေအဆောက်အဦးများအပြင် ဝန်းကျင်ရှိ တခြားအဆောက်အဦးများပါ ပျက်စီးခဲ့သည်။ မီးလောင်ကျွမ်းနေတဲ့ ဒီဓာတုစက်ရုံက ထွက်တဲ့အဆိပ်ငွေ့တွေ မရှူမိစေဖို့နဲ့ နောက်ဆက်တွဲပေါက်ကွဲ မှုတွေဖြစ်ပွားမှာကို စိုးရိမ်ရတဲ့အတွက် အနားက ဆေးရုံအပါအဝင် ဝန်းကျင်နေ ဒေသခံတွေ ဘေးလွတ်ရာ အရေးပေါ် ရှောင်တိမ်းဖို့ ကယ်ဆယ်ကူညီရေးအဖွဲ့ များကလုပ်ဆောင်ပေးရာ မီးငြိမ်းခဲ့ပြီ ဖြစ်သည်။ 


ပေါက်ကွဲမှုကြောင့် လွင့်စင်လာတဲ့ အပိုင်းအစတွေထိမိပြီး  မျက်နှာများ၊ ခေါင်းများတွင်   ဒဏ်ရာရခဲ့ကြခြင်း ဖြစ်သည်။ နံနက်အစောပိုင်းလောက်က တည်းက စက်ရုံဝင်းထဲရှိ ဓာတုဆေးရည် သိုလှောင်ကန်တွင်  လောင်ကျွမ်းသည့် မီးတောက်ကြီးကို    မထိန်းနိုင်ဘဲဖြစ် နေရာမှ    မီးသတ်တပ်ဖွဲ့က ရဟတ် ယာဉ်တွေသုံးပြီး      ငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်ပြီး  ဒေသစံတော်ချိန်သုံးနာရီတွင် မီးငြိမ်းသွားသည်။ စက်ရုံပေါက်ကွဲသည့် အကြောင်းအရင်းကိုမူ  မသိရှိရသေး ကြောင်း သိရသည်။

 ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ