နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလော်ရီဒါပြည်နယ် အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူအရေအတွက် ၃၆ ဦးထိမြင့်တက်ကာ ၁၀၉ ဦးပျောက်ဆုံးနေ

ဝါရှင်တန်    ဇူလိုင်    ၈


အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Surfside မြို့ရှိ ၁၂ ထပ်တိုက် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျမှုတွင် အတည် ပြုထားသော သေဆုံးသူအရေအတွက် သည် ၃၆ ဦးထိမြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက  ထုတ်ပြန်သည်။ တိုင်ကြားထားသော ပျောက်ဆုံးနေသူ ဦးရေမှာ ၁၀၉ ဦးရှိပြီး ကယ်ဆယ်ရေး သမားများက  အကျိုးအပဲ့များတွင် ဆက်လက်ရှာဖွေနေပြီး  လစ်လပ်နေ သောနေရာများ သို့မဟုတ် လူရှိနေနိုင် သည့်     နေရာများနှင့်ပတ်သက်၍ အားတက်စရာလက္ခဏာများ မတွေ့ရှိ ရကြောင်း Miami-Dade ကောင်တီ မီးသတ်အကြီးအကဲ Alan Cominsky က ပြောကြားသည်။ 


 ရှာဖွေကယ်ဆယ်ရေးများသည် ဇူလိုင် ၆ ရက် နေ့လယ်ပိုင်းတွင် နှစ်နာရီ ခန့်ရပ်နားခဲ့ရပြီး အပူပိုင်းမုန်တိုင်း Elsa နီးကပ်လာသည်နှင့်အတူ မိုးကြိုးပစ် ခြင်းနှင့်  တစ်နာရီလျှင် မိုင် ၃၀ (၄၈ ကီလိုမီတာ)အထက်  လေပြင်းတိုက်ခတ် မှုကြောင့် ရပ်နားလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုကျမှုသည်  ဇွန် ၂၄ ရက်တွင်  မိုင်ယာမီကမ်းခြေ၏ မြောက်ဘက် ၉ ဒသမ ၆ ကီလိုမီတာ အကွာရှိ ကမ်းခြေမြို့၌ Champlain Towers South ကွန်ဒိုမီယံတွင်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ပြိုကျမှုဖြစ်ပွား ချိန်မှစ၍  မိုင်ယာမီဧရိယာရှိ  အဆောက် အအုံအများအပြားကို  ကြံ့ခိုင်မှုစစ်ဆေး ခဲ့ကြောင်း  ဒေသတွင်းမီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။


မျိုးဝင်း (Ref; CNN)






အခြားဆက်စပ်သတင်းများ