ဂျကာတာ ဇူလိုင် ၈
အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း Aceh ပြည်နယ်၊ Aceh Jaya ခရိုင်တွင် ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှစ၍ အဆက် မပြတ်ရွာသွန်းသောမိုးကြောင့် ကျေးရွာ ၄၀ ထက်မနည်း ရေလွှမ်းမိုးမှုကြုံတွေ့ နေရကြောင်း ဒေသခံသဘာဝဘေး လျော့ပါးရေးအေဂျင်စီက ပြောကြား ခဲ့သည်။
“ရေလွှမ်းမိုးခံရတဲ့ကျေးရွာ ၄၀ လောက်ရှိတဲ့သတင်း ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ အချက်အလက်တွေ စုဆောင်းနေတဲ့ အတွက် အရေအတွက်ကတော့ မြင့်တက်နိုင်ပါတယ်” ဟု Aceh Jaya ဒေသဆိုင်ရာအေဂျင်စီအကြီးအကဲ Fajri က ပြောသည်။
အေဂျင်စီအနေဖြင့် Krueng Sabe နှင့် Setia Bakti ခရိုင်ခွဲများအပါအဝင် ရေလွှမ်းမိုးဒဏ်ခံရသည့် ကျေးရွာများ၌ ရေကြီးရေလျှံမှုများလျော့ပါးရေးကူညီရန် အဖွဲ့တစ်ဖွဲ့စေလွှတ်ထားကြောင်း Fajri က ပြောသည်။ ရေလွှမ်းမိုးမှုကြောင့် လူသေဆုံးခြင်း (သို့မဟုတ်) ပျက်စီးမှု သတင်းများလက်ခံရရှိခြင်းမရှိသေး ကြောင်း Fajri က ပြောခဲ့သည်။
အမျိုးသားမိုးလေဝသ၊ ရာသီဥတု နှင့် ဘူမိရူပဗေဒဆိုင်ရာအေဂျင်စီက လာမည့်ရက်များအတွင်း အင်ဒိုနီးရှား နိုင်ငံရှိ နေရာအတော်များများ၌ ရေလွှမ်း မိုးခြင်းအပါအဝင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် သတိပေးထားကြောင်း သိရသည်။
မျိုးဝင်း (Ref; Xinhua)