နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ပြသမှ နိုင်ငံတွင်းဝင်ရောက်စေမည်ဟု အင်ဒိုနီးရှား ပြော

ဂျကာတာ    ဇူလိုင်    ၈


အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်ရာ တွင် နိုင်ငံခြားသံတမန်များနှင့် ဝန်ကြီး အဆင့်တာဝန်ရှိသူများမှလွဲ၍ နိုင်ငံခြား သားများအားလုံးသည် polymerase chain reaction (PCR) စစ်ဆေးမှုဖြင့် ရောဂါပိုးကင်းစင်ကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေ ခံလက်မှတ်များကိုပြသမှသာ      နိုင်ငံ အတွင်းဝင်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။ 


အင်ဒိုနီးရှားနိုင်ငံသို့      ဝင်ရောက် မည့် ကာကွယ်ဆေးမထိုးနှံရသေးသော အင်ဒိုနီးရှားနိုင်ငံသားများအနေဖြင့်       နိုင်ငံတွင်းသို့မဝင်ရောက်မီ     ရောဂါပိုး ကင်းစင်ကြောင်း PCR စစ်ဆေးထားမှု တစ်ခုသာ ပြသရန်လိုအပ်ကြောင်း ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနညှိနှိုင်းရေးမှူး ပြောခွင့်ရ ပုဂ္ဂိုလ် Jodi Mahardi က ပြောကြားခဲ့ သည်။ 


အင်ဒိုနီးရှားနိုင်ငံသားများအနေ ဖြင့် နိုင်ငံအတွင်းရောက်ရှိပြီးနောက် ပထမရက်နှင့် သတ္တမမြောက်ရက်တို့တွင် PCR စစ်ဆေးမှုများနှင့်အတူ ၈ ရက်ကြာ quarantine ပြုလုပ်ရမည်ဖြစ်ပြီး ယင်း နောက်တွင် COVID-19 ကာကွယ်ဆေး များထိုးနှံမှု     ခံယူရမည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံသည် ဇူလိုင် ၃ ရက်မှ ၂၀ ရက်အထိ အရေးပေါ်ကန့်သတ်ချက်များပြုလုပ်၍ COVID-19 ရောဂါဖြစ်ပွားမှုများမြင့် တက်ခြင်းထိန်းချုပ်ရန် လတ်တလော ကြိုးပမ်းနေကြောင်း သိရသည်။ 


မျိုးဝင်း (Ref ; Xinhua)






အခြားဆက်စပ်သတင်းများ