နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်နဲ့ ခွဲရေး တွဲရေးမငြိမ်သက်သေးတဲ့ ရော်နယ်ဒိုနဲ့ဒိုင်ဘားလား‌

ဇူလိုင် ၇


ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ စီရီး အေဆုဖလားကို  အင်တာမီလန်ထံ လွှဲပြောင်းပေးခဲ့ရသလို ချန်ပီယံလိဂ်မှာ လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဒါကြောင့်အသင်းကို ပြောင်းလဲမှုများ စွာ ပြုလုပ်လာခဲ့ပါတယ်။ ပထမဦးဆုံး နည်းပြဖြစ်သူ ပီယာလိုကို ထုတ်ပယ် ကာ အယ်လီဂရီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်   အသင်းမှာ အာထားရတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ကိုလည်း စာချုပ်ထပ်မံချုပ်ဆိုရန် လိုလို လားလားမရှိဲဘဲ  အသင်းက ထွက်ခွာ ချင်ပါက ထွက်ခွာခွင့်ပြု ထားပြီးဖြစ် ပါတယ်။  ထို့ထက်ထူးဆန်းတာက ရော်နယ်ဒိုမရှိနိုင်တော့ရင်  အသင်းရဲ့ တိုက်စစ်ပိုင်းအတွက်  ကျန်ရှိနေတဲ့ တိုက်စစ်မှူး ဒိုင်ဘားလားကိုပါ စာချုပ် ဖျက်သိမ်းရန်အထိ ပြုလုပ် လာပြန်ပါတယ်။ ဒိုင်ဘာလားရဲ့ ဂျူဗင်အသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၂ ထိဖြစ်ပါတယ်။ ယခင်က ဒိုင် ဘာလားနဲ့ဂျူဗင်တို့ စာချုပ်သစ်ချုပ် ဆိုနိုင်ရန်အတော် နီးနီးစပ်စပ်ရှိခဲ့ တယ်လို့သိရပါတယ်။ ခုအခါမှာ တော့ ဂျူဗင်ဘက်မှစတင်ကာ သဘောထား ပြောင်းလဲလာခြင်းဖြစ်ပါတယ်။ ဂျူဗင် အသင်းအနေနဲ့လက်ရှိ  ရော်နယ်ဒို နှင့် ယှဉ်ကာဒိုင်ဘာလားကို ပေးချေ နေရတဲ့   တစ်နှစ်တာ  လုပ်ခလစာ ပေါင် ၁၀ သန်းမှာ များနေသည်ဟု ရှုမြင် လာခဲ့လို့ ဒိုင်ဘာလားကို စာချုပ် သစ်ချုပ်ဆိုရန်ရစ်နေသည့် သဘော မျိုးဖြစ်နေပါတယ်။ အသက် ၂၇ ရှိပြီ ဖြစ်တဲ့ဒိုင်ဘာလားဟာ ခြေစွမ်းကောင်း ပြနေဆဲဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ