နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံရှိ အလုပ်လက်မဲ့ဆောက်လုပ်ရေးလုပ်သားများကို အစိုးရက လစာတစ်ဝက်ထောက်ပံ့မည်

ဘန်ကောက်    ဇူလိုင်    ၇


နေ့စဉ်ထောင်ချီပြီး Covid-19 ကူးစက်နေသည့် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင်  ဆောက်လုပ်ရေးဆိုက်များကို အစိုးရက တရားဝင်ပိတ်ခိုင်းထားပြီး ပိတ်သိမ်းလိုက်သော ဆောက်လုပ်ရေးဆိုက် ၆၀ဝ အပါအဝင် ဆောက်လုပ်ရေး အလုပ်သမားများအတွက် လုပ်အားခ ၅၀ ရာခိုင်နှုန်းကို အစိုးရက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ် သမားဝန်ကြီးက ပြောသည်။ 


ထိုင်းနိုင်ငံရှိ  ဆောက်လုပ်ရေးအလုပ်သမားများတွင် ကူးစက် မှုများခြင်းကြောင့် မြို့တော် ဘန်ကောက်နှင့်အနီးတဝိုက်ရှိ ဆောက်လုပ်ရေးဆိုက် ၆၀ဝ ကို ဇွန်လ ၂၈ ရက်နေ့မှစပြီး အဝင် အထွက်ကန့်သတ်ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။ အလုပ်သမား များအနေဖြင့် ကန့်သတ်ထားသည့် မိမိတို့၏ Q စခန်းတွင်သာ နေထိုင်ကြရန်နှင့်  အစာရေစာမလုံလောက်ဖြစ်နေသည့်  နေရာ များကိုလည်း အစာခြောက်များ လိုက်လံပို့ဆောင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ 


ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်သား အများစုရှိသော ဆုံခလာပြည်နယ်၊  နွံထဘူရီပြည်နယ်၊  စမုတ်ပရာကန် ပြည်နယ်၊ တာ့ခ်ပြည်နယ်များတွင်  ရာဂဏန်းရှိသည့် အလုပ် သမားများ Covid-19 ကူးစက်နေခြင်းဖြစ်သည်။


မျိုးဝင်း (Ref; Bangkok Post)






အခြားဆက်စပ်သတင်းများ