နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-အမေရိကန်ဆက်ဆံရေးကို ပြန်လည်စတင်ရန်လိုကြောင်း ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံတွင် ပြောကြား

ဘေဂျင်း    ဇူလိုင်    ၇


တရုတ်-အမေရိကန် ဆက်ဆံရေးကို အလျင်အမြန်  ပြန်လည်စတင်ရန်လို ကြောင်းနှင့် ထိုသို့လုပ်ရန် နှစ်ဖက်လုံး အတွက် စိန်ခေါ်မှုများရှိကြောင်း ကမ္ဘာ့ ငြိမ်းချမ်းရေးညီလာခံတွင် သဘောတူညီ မှုပြုလုပ်ခဲ့ကြသည်။ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်ခုဖြစ်သည့်  တရုတ်နှင့် အမေရိကန်တို့အနေဖြင့်    ၎င်းတို့၏ ဆက်ဆံရေးကိုကောင်းစွာစီမံပြီး ဘုံ သဘောတူနိုင်သော  နယ်ပယ်ရှာရန် အစိုးရအရာရှိဟောင်းများနှင့်    နိုင်ငံ တကာဆက်ဆံရေးပါရဂူများ တောင်းဆို နေကြခြင်းဖြစ်သည်။ 


ဘေကျင်းတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ ငြိမ်းချမ်းရေးညီလာခံတွင် ကျွမ်းကျင်သူ များက တရုတ်နိုင်ငံ သြဇာကြီးမားလာ ခြင်းကို တားဆီးနိုင်မည်မဟုတ်ဘဲ တရုတ် ကိုရင်ဆိုင်ရန် အမေရိကန်အစိုးရ၏ အားထုတ်မှုများသည် နိုင်ငံအကျိုးထက် နိုင်ငံရေးအကျိုးအမြတ်ရရှိရန်သာ ရည်မှန်းနေကြောင်း ပြောကြားခဲ့သည်။


တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကွဲလွဲမှုများကိုဖြေရှင်းပြီး  ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာတဝှမ်းကူးစက် ရောဂါကဲ့သို့သောစိန်ခေါ်မှုများကို ပူးတွဲ ကိုင်တွယ်ရန် တောင်းဆိုမှုများလည်း ရှိသည်။


ရဲခေါင် (Ref; AFP)






အခြားဆက်စပ်သတင်းများ