နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားအရှေ့ဖျားဒေသတွင် ခရီးသည် ၂၈ ယောက်ပါ လေယာဉ်တစ်စင်းပျောက်ဆုံး

မော်စကို    ဇူလိုင်    ၇


ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိ ကမ်ချကာ (Kamchatka) ကျွန်းဆွယ်သို့သွားသည့် ခရီးသည် ၂၈ ဦးပါ ရုရှားလုပ် AN-26 အမျိုးအစား လေယာဉ်ပျံတစ်စင်းပျောက်ဆုံးနေကြောင်း ရုရှားအရေးပေါ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ် မှာ ပြည်တွင်းခရီးစဉ်အဖြစ် ဒေသတွင်းမြို့တော် ပတ်ထရိုပတ် ဗလို-ကမ်ချစကီ (Petropavlovsk - Kamchatsky) မှ မြောက် ပိုင်းကျွန်းဆွယ်အစိတ်အပိုင်းဖြစ်သည့် ပလာနာ (Palana) ကျေးရွာသို့  အသွားလမ်းကြောင်းပေါ်တွင် ပျံသန်းနေစဉ် လေကြောင်း ထိန်းချုပ်မှုနှင့် အဆက်အသွယ်ပြတ်တောက် သွားခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 


ဝန်ကြီးဌာနက အဆိုပါဧရိယာသို့ ရှာဖွေရေးနှင့် ကယ်ဆယ် ရေးအဖွဲ့များလွှတ်ခဲ့ပြီး အဆိုပါပျောက်ဆုံးလေယာဉ်ပေါ်တွင် ခရီးသည် ၂၂ ဦးနှင့် အမှုထမ်း ၆ ဦးကို ရှာဖွေမှုများပြုလုပ်လျက် ရှိသည်။ အဆိုပါဧရိယာရှိ ဒေသတွင်းရာသီဥတုမှာ ဆိုးရွားနေ ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ 

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ