နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကိုရင်ဆိုင်ရန် ပြည်ပမှ အောက်ဆီဂျင်ဗူးများ တင်သွင်းမည်

ဂျကာတာ  ဇူလိုင်    ၇


အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံ တွင် COVID-19 ရောဂါ တတိယလှိုင်းအား ရင်ဆိုင်တိုက်ဖျက်ရန်အတွက် ပြည်ပမှ ဆေးဘက်ဆိုင်ရာ အောက်ဆီဂျင်ဗူးများ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


 အင်ဒိုနီးရှားနိုင်ငံလွှတ်တော်၌ ဇူလိုင် ပထမပတ်အတွင်း လွှတ်တော်အမတ် များနှင့်အတူပြုလုပ်သည့် အစည်းအဝေးပွဲ အပြီးတွင် ယင်းအစီအစဉ်ကို အင်ဒိုနီးရှား နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Budi Gunadi Sadikin က ထုတ်ဖော် ကြေညာခဲ့ခြင်းဖြစ်သည်။ 


ဆေးရုံများရှိ အရေးပေါ်အခန်းများ တွင်လိုအပ်လျက်ရှိသောအောက်ဆီဂျင် များကို အပြည့်အဝဖြည့်ဆည်းပေးနိုင် ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ၆ ကုဗမီတာနှင့် ၁ ကုဗမီတာအရွယ်အစား ရှိသည့် အောက်ဆီဂျင်ဗူးများကို ပြည်ပမှ တင်သွင်းနိုင်ရန်စီစဉ်နေကြောင်း သိရ သည်။ အောက်ဆီဂျင်လိုအပ်ချက်နှင့် ပတ်သက်၍ ဝန်ကြီးက လူဦးရေအထူ ထပ်ဆုံးဒေသများဖြစ်သည့် ဂျာဗားကျွန်း အထူးသဖြင့် အနောက်ဂျာဗား၊ အလယ် ဂျာဗားနှင့် အရှေ့ဂျာဗားဒေသများရှိ ဆေးရုံများသို့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြော ကြားခဲ့သည်။ 

မျိုးဝင်း (Ref; Xinhua)






အခြားဆက်စပ်သတင်းများ