နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်တပ်ဖွဲ့ဝင်များ ထွက်ပြေးလာခြင်းကြောင့် တာဂျစ်ကစ္စတန်နယ်စပ် လုံခြုံရေးတိုးမြှင့် အာဖဂန်တပ်ဖွဲ့ဝင်များ ထွက်ပြေးလာခြင်းကြောင့် တာဂျစ်ကစ္စတန်နယ်စပ် လုံခြုံရေးတိုးမြှင့်

ကဘူးလ်     ဇူလိုင်    ၇


အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်စပ် ချင်းထိစပ်နေသည့် ၂ နိုင်ငံနယ်စပ်ကို အရန်တပ်ဖွဲ့ဝင် ၂၀,ဝ၀ဝ စေလွှတ်ရန် တာဂျစ်ကစ္စတန် သမ္မတက အမိန့်ထုတ် လိုက်ပြီဖြစ်သည်။  အာဖဂန်နစ္စတန် နိုင်ငံရှိ တာလီဘန်များသည် နယ်မြေ များ တိုးချဲ့သိမ်းယူလာနေခြင်းကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁,ဝ၀ဝ ခန့် မှာ နယ်စပ်ကို ကျော်ဖြတ်ထွက်ပြေးလာ နေပြီး ယင်းတို့ကြောင့် နယ်စပ်လုံခြုံ ရေးကိုတိုးမြှင့်ရန်တွက်  ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း   တာဂျစ်ကစ္စတန် သမ္မတက ပြောသည်။ 

ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်ထွက် ပြေးလာခြင်းကို   ကြည့်ခြင်းအားဖြင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း  အခြေ အနေဆိုးရွားနိုင်ဖွယ်ရှိကြောင်း သုံးသပ် ထားကာ    တာဂျစ်ကစ္စတန်သမ္မတ Emomali Rakhmon သည်။


အဆိုပါကိစ္စကိုဆွေးနွေးရန် ရုရှား သမ္မတအပါအဝင် ဒေသတွင်းရှိ မဟာ မိတ်များကို ဖုန်းဆက်သွယ်ပြောကြား ခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံသည် တာဂျစ်ကစ္စတန်နိုင်ငံအတွင်း တပ်ဖွဲ့ဝင် အင်အားအတော်များများကို  အခြေချ တပ်စွဲထားပြီး    ရုရှားသမ္မတ Putin ကမူ လိုအပ်လာပါက တာဂျစ်ကစ္စတန် နယ်စပ်ကိုတည်ငြိမ်မှုရှိစေရန်  အစိုးရ အနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ ဒေသတွင်း လုံခြုံရေးအဖွဲ့ကနေတစ်ဆင့်ဖြစ်စေ အကူအညီပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ရဲခေါင်(Ref; AFP)






အခြားဆက်စပ်သတင်းများ