နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်လေဆိပ် တာဝါမျှော်စင်ရေယိုစိမ့့် လေယာဉ်ခရီးစဉ်များစွာ ပယ်ဖျက်

နယူးယောက်    ဇူလိုင်    ၆


အမေရိကန်နိုင်ငံ  ဂျွန်အက်ဖ်ကနေဒီ (JFK) အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ထိန်းချုပ်ရေးတာဝါ မျှော်စင်တွင် ရေယိုစိမ့်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် လေယာဉ်ခရီးစဉ်ရာပေါင်းများစွာ    နှောင့်နှေး ကြန့်ကြာခြင်း(သို့မဟုတ်)    ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း မီဒီယာများ၏ တနင်္ဂနွေနေ့ ဖော်ပြချက်အရသိရသည်။ ယင်းအတွက်ကြောင့် လေကြောင်းခရီးစဉ်ပေါင်း ၃၀ဝ နီးပါး နှောင့်နှေး ခြင်း(သို့မဟုတ်) လမ်းကြောင်းပြောင်းပျံသန်းခြင်း များပြုလုပ်ခဲ့ရကြောင်း သိရသည်။ 


အဆိုပါ ရေယိုစိမ့်မှုသည် COVID-19 ကပ် ရောဂါစတင်ပျံ့နှံ့ချိန်မှစ၍ လေကြောင်းခရီးသွား လာမှု အများဆုံးနေ့ရက်တစ်ရက်ဖြစ်သည့် ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ အားလပ်ရက် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုရက်သတ္တပတ် ကုန်ပိုင်းတွင်  အမေရိကန်ပြည်သူ ၃ ဒသမ ၇ သန်းခန့် လေကြောင်းခရီးစဉ်ဖြင့် ခရီးသွားလာခဲ့ရာ ယခင်နှစ် အလားတူ ကာလထက် ၁၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ 


JFK လေဆိပ်သည် အမေရိကန်နိုင်ငံအတွင်းသို့ ပြည်ပမှ ခရီးသည်များ အများဆုံးဝင်ရောက်နေ သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခုဖြစ် သလို နယူးယောက်မြို့လေဆိပ်စနစ်တွင် ခရီးသည် အများဆုံးဝင်ထွက်သွားလာသည့် လေဆိပ်ကြီး တစ်ခုလည်းဖြစ်သည်။

မျိုးဝင်း (Ref; AFP)






အခြားဆက်စပ်သတင်းများ